ဗူးခွံ ကောက်ရောင်းပြီး ဘဝပြန်စနေတဲ့ စစ်ရှောင်မိသားစု (ရုပ်သံဆောင်းပါး)
ဖခင်ဖြစ်သူက စစ်ရှောင်တဝိုက်မှာ စွန့်ပစ်ပစ္စည်းတွေနဲ့ ဗူးခွံတွေကို လိုက်ကောက်ပြီး ရောင်းနေတာပါ။ ဗူးခွံတွေရောင်းလို့ ရတဲ့ပိုက်ဆံနဲ့ မိသားစုစားစရိတ်ရပေမယ့် ဝဝလင်လင် စားရတာမျိုးတော့ မဟုတ်ပါဘူး။ ဆန်ဖိုး၊ ဟင်းဖိုး အနည်းကျည်းသာ သုံးပြီး ဇနီးဖြစ်သူ တတ်ကျွမ်းထားတဲ့ လက်လုပ် လက်ဆွဲခြင်းတွေ ရက်လုပ်ဖို့ကို ရင်းနှီးရတယ်လို့ ဖခင်ဖြစ်သူ ကိုကျော်ကြီးက ဆိုပါတယ်။