စစ်ရှောင်

ကန့်ဘလူနဲ့ကျွန်းလှမှာ စစ်တပ်ကဗုံးကြဲလို့ နေအိမ် ၅ လုံးပျက်စီးပြီး အမျိုးသား ၁ ဦး ဒဏ်ရာရ

"မိနစ် ၉၀ လောက် Y-12 ဝဲပြီးတော့မှ နောက်ထပ် ၁၅ မိနစ်လောက်အကြာမှာ ဂျက်ဖိုက်တာနဲ့ လာပစ်တာ။ အမှန်က အဲနားမှာလမ်းပြင်နေသူတွေရှိတယ်။ အဲ့ဒါကို လာပစ်သွားတာ။ ပေါင် ၂၅၀ ဗုံးနဲ့ ပစ်တာ။ ၁ ခါပစ် ၂ လုံး"

တန့်ဆည်နဲ့ ရေဦးမြို့နယ်အစပ်က ရွာတွေကို စစ်ကြောင်း ၂ ခုပြိုင်ထိုးပြီး မီးရှို့နေ ■ သတ်ဖြတ်ခံရတဲ့ ပြည်သူတချို့လည်းရှိနေဟုဆို

“တန့်ဆည်နယ်အရှေ့ခြမ်း ရွှေလှန်၊ ငတန်းရွာတွေဘက်ကနေ ရေဦးနယ်မြောက်ဘက်ခြမ်း ရွာဗုကြီးရွာတွေဘက်ကို စစ်ကြောင်းစထိုးလာတယ်။ မီးရှို့တာကတော့ ဒီကနေ့ မနက်ပိုင်း ၇ နာရီလောက်မှ စရှို့တာ။ ၂ မြို့နယ်ချုပ်စပ် ကပ်လျက်ရွာတွေပဲ။”

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရှိနေတဲ့ စာသင်ကျောင်းဗုံးကြဲခံရပြီး ၃၀ ဦးဝန်းကျင် ထိခိုက်  ■ ကျေးရွာတဝိုက်ပါဗုံးကြဲပစ်ခတ်လို့ ဘာသာရေး အဆောက်အအုံတွေလည်း ပျက်စီး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြစ်သာရွာနဲ့ စုလေးကုန်းရွာဝန်းကျင်ကို နိုဝင်ဘာ ၁၃ ရက်မှာ စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘေးရှောင်တွေ ထိခိုက်ဒဏ်ရာရပြီး ဘာသာရေးအဆောက်အအုံတွေလည်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ရှောင်တွေ ဝင်ငွေရနိုင်ဖို့ အခြေခံ စက်ချုပ်နည်းနဲ့ ပန်းထိုးပညာတွေသင်ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အနောက်ခြမ်းက စစ်ဘေးရှောင်ပြည်သူတွေကို အသက်မွေး ဝမ်းကျောင်းပြုဖို့နဲ့ စားဝတ်နေရေးအဆင်ပြေစေဖို့ ကောလင်းပြည်သူမှပြည်သူသို့အဖွဲ့က အခြေခံ အပ်ချုပ်နည်းသင်တန်း ပေးနေတာပါ။

ပုလဲကို စစ်ကောင်စီက လေယာဥ်နဲ့ဗုံးကြဲလို့ ဝန်ထမ်း ၂ ဦးအပါ အရပ်သားအချို့သေဆုံး (ရုပ်/သံ)

နိုဝင်ဘာ ၁၁ ရက် မနက် ၅ နာရီကျော်ကစတင်ပြီး ၁၀ နာရီကျော်အထိ ပုလဲ ထွေအုပ်ရုံး၊ လျှပ်စစ်ရုံးနဲ့ ပုလဲမြို့ပေါ်ရပ်ကွက်တွေကို ပေါင် ၅၀၀ ဗုံး အလုံးရေ ၂၀ ကျော် ကြဲချခဲ့တာကြောင့် ပုလဲမြို့ လျှပ်စစ်မြို့နယ်မှူး ဦးကျော်ဆန်း သေဆုံးခဲ့ပြီး ထွေအုပ်ဝန်ထမ်း မမျိုးဦးနဲ့ သားဖြစ်သူတို့လည်း သေဆုံးခဲ့ရတယ်လို့ ကျားသစ်နက်တပ်မတော်ဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်မှာ နေအိမ် ၁၀၀ ကျော်ကို စစ်တပ်က ၁ ရက်တည်းမီးရှို့ခဲ့ ■စစ်ကြောင်းရန်ကြောက်လို့ တိမ်းရှောင်နေရတဲ့ ဒေသခံထောင်ကျော် နေရပ် မပြန်နိုင်သေး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာက နေအိမ် ၁၀၀ ကျော်ကို နိုဝင်ဘာ ၉ ရက် ၁ ရက်အတွင်း စစ်ကောင်စီအဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) အဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ပြီး စစ်ကြောင်းထိုးနေလို့ ပခုက္ကူမြို့နယ်ကဒေသခံတွေ ထွက်ပြေးနေရ

“အခုက မြစ်ခြေမြို့ထဲမှာ တယောက်မှ မရှိတော့ဘူး။ တမြို့လုံးရှောင်ကြတာဆိုတော့လေ။ လက်နက်ကြီးပစ်သံတွေလည်းကြားရတော့ ပြေးလာကြတာ။ တိုက်ပွဲဖြစ်တာတော့ မရှိဘူး”

လက်နက်ကြီးရန်ကြောင့် တိမ်းရှောင်နေရတဲ့ စစ်ရှောင် ၁,၀၀၀ ကျော် အမိုးအကာနဲ့ အရေးပေါ်စားနပ်ရိက္ခာလိုအပ်

"ဒီမှာက ပြည်သူက ကူရာကယ်ရာမဲ့ ဖြစ်နေတယ်။ အဖွဲ့အစည်းတွေကဖွဲ့ထားပေမယ့် မြေပြင်မှာမရှိတော့ ခက်ခဲတယ်။ အခု မိုးကလည်းရွာထားတာ မကြာသေးဘူး။ မိုးကလည်း ဖွဲဖွဲရှိနေတော့ ပြည်သူတွေမှာအကူအညီလိုအပ်နေတယ်။ နေဖို့ထိုင်ဖို့စားနပ်ရိက္ခာ၊ ဆေးဝါးတို့လို အခက်အခဲရှိနေတယ်။ "

မင်းတုန်းမှာ နယ်မြေစည်းရုံးရေးဆင်းတဲ့ PDF နဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်၊ နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ခုန်တိုင်ကျင်းရွာကို ကာကွယ်ရေးအဖွဲ့တွေက နယ်မြေစည်းရုံးရေးနဲ့ လူထုတွေ့ဆုံရေးလုပ်ငန်းတွေ လုပ်ဆောင်ရန်သွားချိန် ယာယီတည်းခိုတဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ ဝန်းကျင်က နိုဝင်ဘာ ၇ ရက် ညနေ ၄ နာရီလောက်မှာ ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ မင်းတုန်းမြို့နယ်ပကဖဆီက သိရပါတယ်။

တောင်ငူစစ်ဘေးရှောင်တွေအတွက် စောင်၊ ခြင်ထောင်နဲ့ စားစရာတွေ အရေးပေါ် လိုအပ်နေ

" ခုက ရာသီဥတုကလည်းအေးနေပြီဆိုတော့ အဓိကလိုတာကတော့ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အနွေးထည်တို့၊ ဆေးတို့၊ စားရေးသောက်ရေးလိုတယ်။ နောက်ပြီးတော့ ကျန်းမာရေး၊ နေမကောင်းတဲ့သူတွေပါတော့ ဆေးရုံဆေးခန်းပြရတာတွေလည်း ရှိတယ်။"

ပင်လည်ဘူး စစ်ဘေးရှောင်အိမ်ထောင်စု ၅၀၀ အတွက် အခြေခံစားကုန်တွေ လှူဒါန်း (ရုပ်/သံ)

ပင်လည်ဘူးမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်းနေရာ ၅ ခုက စစ်ရှောင်အိမ်ထောင်စု ၅၀၀ အတွက် ၁ အိမ်ထောင် ဆန် ၄ ပြည်၊ ပဲဆီ ၁ လီတာနှုန်းနဲ့ စုစုပေါင်း ကျပ်သိန်း ၁၂၀ ဖိုးခန့် ထောက်ပံ့လှူဒါန်းပေးခဲ့တာလို့ သံဃမေတ္တာ - ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့ဝင် ဆရာတော်တပါးက မိန့်ပါတယ်။

တောင်ငူကကျေးရွာတွေကို လက်နက်ကြီးဗုံးသီးတွေကျရောက်ပေါက်ကွဲလို့ ၄ ဦးဒဏ်ရာရပြီး လူထောင်ချီထွက်ပြေးနေရ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ ကွမ်းသီးပင်ကျေးရွာကို ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးဗုံးသီးတွေ ကျရောက်ပေါက်ကွဲလို့ ဒေသခံ ၄ ဦးဒဏ်ရာရခဲ့ပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေလည်း ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

မိုးအဆက်မပြတ်ရွာလို့ ပဲခူးရိုးမအစပ်က PDF တွေနဲ့ စစ်ရှောင်တွေ နေထိုင်စားသောက်ရေးခက်ခဲနေ (ရုပ်/သံ)

“မရှိတဲ့သူနဲ့ ရှိတဲ့သူနဲ့ မျှတပြီးတော့မှ စားနေရတယ်။ အခြားရွာတွေပေါ်ကို သွားဝယ်မယ်ဆိုတော့လည်း မိုးမိပြီးတော့ ဖျားနာတွေက တအားဖြစ်မှာစိုးလို့ ဘယ်သူမှမသွားရဲတော့ ရှိတာလေးနဲ့ပဲ ငပိဖုတ်စားနေရတယ်။ တချို့တဲတွေဆို အောက်ကနေမီးထည့်ပြီး လုပ်ပေးရတယ်။ တာလပတ်က တာရှည်မခံဘူး ခါတိုင်းနှစ်က မိုးတွင်းဆိုရင် ဒီနေရာကတဲဆောက်ထားလို့မလုံခြုံဘူးလား ဟိုဘက်ကိုရွှေ့။ တခါတာလပတ်ကဖြုတ်ရတော့ ပေါက်ပြဲ။ အဲ့လိုမျိုး တာလပတ်ကလေးတွေကို သူတို့ကပြန်ပြီးတော့ မိုးနေရတော့ မိုးကမလုံဘူး။”

ပေါက်နယ်စစ်ရှောင်စခန်းက အရပ်သား ၂၀ ဦးနီးပါးကို စစ်တပ်က ဖမ်းဆီးသွားပြီး ၃ ဦးကို ပစ်သတ်ခဲ့

“ ကျနော်တို့ (နယ်မြေရှင်းလင်းချိန်) ဒီမှာတွေ့တော့ကျ အဝတ်ဗလာနဲ့ တွေ့ရှိတယ်။ သံဃာတော်ကိုတော့လူဝတ်လဲပြီး သတ်ဖြတ်သွားတာ။”

ရေတာရှည်ကကျေးရွာတွေကို စစ်တပ်ကဒရုန်းနဲ့ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံး

နိုဝင်ဘာ ၁ ရက်မနက် ၉ နာရီလောက်မှာ ၁ ကြိမ်၊ ညနေပိုင်းမှာ ၁ ကြိမ်၊ စုစုပေါင်း ဗုံးသီး ၈ လုံးချ တိုက်ခိုက်ခဲ့တာကြောင့် ကျွန်းကုန်းရွာနေ အသက် ၄၈ နှစ်အရွယ် ဒေါ်မြင့်မြင့်မော် ဗုံးစထိမှန်ပြီး ဦးခေါင်းပွင့်သေဆုံးခဲ့ကာ တရွာတည်းနေ အသက် ၄၅ နှစ်အရွယ် ဦးထွန်းနိုင်လည်း ဘယ်ဘက်ပေါင်နဲ့ ဗိုက်ဖောက်ဝင်ဒဏ်ရာရခဲ့တယ်လို့ ကီးကူစစ်ကြောင်း တာဝန်ရှိသူက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10