စစ်ရှောင်

ဝမ်ပေါင်ကုမ္ပဏီကားတွေကို လုံခြုံရေးပေးတဲ့ စစ်ကြောင်းကြောင့် ဒေသခံ ၃,၀၀၀ ကျော် တိမ်းရှောင်ပေးရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တရုတ်ပိုင်ဝမ်ပေါင် ကုမ္ပဏီ အတွင်းဝင်လာတဲ့ ကုမ္ပဏီယာဉ်တွေကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီစစ်ကြောင်းက အနီးဝန်းကျင်က ကျေးရွာတွေကို ဝင်ရောက်နေတာကြောင့် ဒေသခံ ၃,၀၀၀ ကျော် ရှောင်တိမ်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီကင်းစခန်းအနီး ပိတ်မိနေတဲ့ဒေသခံတွေကို PDF ခေါ်ယူစောင့်ရှောက်ထား

“သူတို့က ဘယ်လိုအခက်တွေနဲ့ စစ်ဘေးရှောင်လာရတာလည်းဆိုရင် စစ်တပ်ကင်းစခန်းနဲ့ ကျနော်တို့ ကြားထဲမှာ ပြည်သူတွေကကြားညပ်နေတာ၊ သူတို့က တောထဲမှာတဲတွေထိုးပြီးနေရတာ။ အဲ့ဒါကို ကျနော်တို့က သွားပြီးကယ်ထုတ်ခဲ့တာ။ သူတို့မှာဈေးဝယ်လို့လည်း အဆင်မပြေ၊ ဒုက္ခတွေ ရောက်နေလို့ ကျနော်တို့ဘက်ကို အကုန်‌လုံးခေါ်ခဲ့တော့တာ။”

ပျူစောထီးတွေရဲ့ ဖိနှိပ်မှုတွေကြောင့် ငွေတွင်းရွာက ပြည်သူ ၄ ပုံ ၃ ပုံ PDF ဆီ ထွက်ပြေးခိုလှုံ

အရာတော်မြို့နယ်အတွင်းက ပျူစောထီး(ခေါ်) ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ငွေတွင်းကျေးရွာကနေ ထွက်ပြေးလာတဲ့ ပြည်သူ ၃,၀၀၀ နီးပါးရှိပြီလို့ လက်ခံပေးထားတဲ့ PDF တပ်ဖွဲ့ဆီက သိရပါတယ်။

ရွှေဘို ကင်းဗျားရွာမှာ တိုက်ပွဲဖြစ်ပြီး စာသင်ကျောင်းနဲ့နေအိမ်တချို့ မီးရှို့ခံရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကင်းဗျားကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး နေအိမ်နဲ့စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့သွားတယ်လို့ ရွှေဘိုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။

ရှော့ဒုံးပစ်ခံထားရတဲ့နမခ အနီးက ကြီးဗဒုံရွာကို စစ်ကောင်စီတပ် ၁ ပတ်အတွင်း ၂ ကြိမ် မီးရှို့

“ ဒီမနက်တော့ နေအိမ် ၁၀ လုံး မီးထပ်ရှို့သွားတယ်။ ကျနော်တို့ မီးငြှိမ်းနေချိန် လက်နက်ကြီးနဲ့ပစ်လို့ ပြန်ပြေးခဲ့ရတယ်။ ရွာထဲမှာကျန်ခဲ့တဲ့ ဆရာတော်က သူတို့ကိုမေးတယ်။ ငါ့ရွာကို ဘာလို့မီးရှို့တာလဲဆိုတော့ လက်နက်ကြီးပစ်တာ ဒီရွာကနေဆိုလို့ မီးရှို့တာဆိုပြီး ဆရာတော်ကို ပြန်ပြောသွားတယ်။”

နတ်တလင်းမြို့နယ် ဆီဆုံကုန်းရွာကို စစ်ကောင်စီကစီးနင်းပြီး ရွာသားတချို့ကို သတ်ဖြတ်

စစ်ကောင်စီစစ်ကြောင်းဟာ နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာမှ ဆီဆုံကုန်းရွာကို ဇန်နဝါရီ ၁၆ ရက် မနက် ၆ နာရီခွဲလောက်မှာ ပျူစောထီးအပါအဝင် အင်အား ၇၀ ဦးကျော်နဲ့ သေနတ်ပစ်ဖောက် ဝင်‌ရောက်လာပြီး ကျေးရွာအတွင်းက ကိုကျော်ကျော်၊ ကိုမင်းထိုက်၊ ကိုသန်းဇော်ဝင်းနဲ့ ကိုချက်ဖောင်းတို့ကို ဖမ်းဆီးပြီး ၃ ဦးကို သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဘန့်ဘွေးရွာစစ်ရှောင်တွေ သောက်သုံးရေလိုအပ်နေ(ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ၄ နှစ်နီးပါး စစ်ရှောင်နေကြရတဲ့ ဘန့်ဘွေးရွာက စစ်ရှောင်တွေဟာ စားနပ်ရိက္ခာခက်ခဲနေသလို သောက်သုံးရေရှားပါးမှုပါ ကြုံတွေ့လာရတယ်လို့ စစ်ရှောင်တွေထံက သိရပါတယ်။

ဘန့်ဘွေးရွာစစ်ရှောင်တွေ သောက်သုံးရေလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ၄ နှစ်နီးပါး စစ်ရှောင်နေကြရတဲ့ ဘန့်ဘွေးရွာက စစ်ရှောင်တွေဟာ စားနပ်ရိက္ခာခက်ခဲနေသလို သောက်သုံးရေရှားပါးမှုပါ ကြုံတွေ့လာရတယ်လို့ စစ်ရှောင်တွေထံက သိရပါတယ်။

ရေစကြို၊ သာဂေါင်ရွာ ဗုံးကြဲခံရပြီး အမျိုးသား ၂ ဦးသေဆုံး

“ရွာသားတွေက ဟိုဘက်က ၁ လုံးအရင်ပစ်လိုက်တော့ လေယာဉ်သံလည်းကြားတော့ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ ရိုးထဲအပြေး ရိုးထဲကိုမရောက်ဘဲ ကမ်းနဖူးဘေးမှာနေလိုက်တော့ ဗုံးကကမ်းနဖူးဘေးကိုကျသွားတဲ့အချိန် ဖြစ်သွားတာ။”

မြိုင်မြို့နယ်က စစ်ဘေးရှောင် ၃,၀၀၀ကျော် စားနပ်ရိက္ခာခက်ခဲနေ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာတွေကနေ ဘေးလွတ်ရာကို စစ်ရှောင်နေရတဲ့ပြည်သူ ၃,၀၀၀ ကျော်ဟာ စားနပ်ရိက္ခာအခက်အခဲတွေ ရှိလာနေတယ်လို့ သိရပါတယ်။

တိုက်ပွဲမဖြစ်ဘဲ ကန့်ဘလူက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်က မီးဝင်ရှို့

"ဒေသခံတွေက အစကတည်းက စစ်ရှောင်နေတာကြာပြီပေါ့နော်။ အင်းမတို့လိုရွာတွေက ကျွန်းလှနဲ့နီးတဲ့ခါကျတော့ အဝေးရှောင်တာတွေများတာပေါ့။"

မြိုင်မြို့ ရှိ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျပြီး ကလေးနဲ့ ကိုရင် ၃ ပါးအပါ ၅ ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့ရှိ သီရိမင်္ဂလာဘုန်းကြီးကျောင်းဝန်းထဲကို ဇန်နဝါရီ ၁၃ ရက် ဒီနေ့မနက် ၉ နာရီခွဲအချိန်က လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၁ နှစ်အရွယ် ကလေး ၁ ဦး၊ ကိုရင် ၃ ပါး နဲ့ အသက် ၇၀ အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

လင်းဇင်းရဲစခန်းနဲ့ ကံပြားရဲစခန်းကထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရ (ရုပ်/သံ)

"ကျနော်တို့ရဲဘော်တွေ ကင်းပွိုင့်နဲ့တွေ့ပြီးတော့ ထိပ်တိုက်ပစ်ခတ်မှုတိုက်ပွဲ ဖြစ်ခဲ့တာ။ သူတို့ဘက်က သေတော့သေတယ်၊ အတိအကျတော့ မသိရဘူး။ မနေ့က လင်းဇင်းရဲစခန်းထဲမှာတော့ အမိန့်ပြန်တမ်းလုပ်တယ်လို့ သိရတယ်။"

ရွှေစက်တော်အနီး အိုးပြင်မဲရွာက လူနေအိမ် ၃၅ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီး

“ကျနော်တို့ မင်းဘူး (စကု)မြို့နယ်မှာ ဒါပထမဆုံး မီးရှို့ခံရတဲ့ရွာပါပဲ။ မင်းအောင်လှိုင် ဇာတိမြို့ မင်းဘူးမြို့ပေါ်မှာ နိုင်လွန်ကတ္တရာခင်းပေးနေပြီး ရွာတွေကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့နေတာပါ။”

သရက်ချဉ်ရွာ တိုက်ပွဲအတွင်း အမျိုးသမီးတဦး ဗုံးသီးစထိမှန်ဒဏ်ရာရ

"သရက်ချဉ်ကျေးရွာ ကျောင်းနားလေးမှာ ပစ်ခတ်မှုဖြစ်တာ။ တော်လှန်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်ကြတာ။ သူ့အိမ်ထဲမှာနေရင်းနဲ့ ဒဏ်ရာရတာ။ လက်နက်ကြီးနဲ့ ပစ်တာမှ ဗုံးစမှန်တာ၊ မှန်ပြီဆို လူနာတင်ကားနဲ့ ဆေးရုံပြေးရတာပဲ။ နေ့လယ် ၁ နာရီခွဲကျော်မှာ ဆေးရုံရောက်တာ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10