သတင်းတို

ဆင်ဖြူကျွန်းမြို့အနီးက ရွာ ၂ ရွာကို စစ်ကောင်စီမီးရှို့

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက အုန်းတောရွာနဲ့ ကညှပ်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့နေတယ်လို့ ဒေသခံတွေနဲ့ ဒေါင်းစစ်အောင် Local PDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ရေးမှာပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ဖို့ NUGနဲ့ PIO/PIA တို့ သဘောတူ(ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ - NUG နဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO) /ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ ဇန်နဝါရီ ၂၃ ရက်ကတွေ့ဆုံဆွေးနွေးပြီး စစ်ရေးဆိုင်ရာလုပ်ငန်းတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက်မှာ PIO/PIA ကသတင်းထုတ်ပြန်ပါတယ်။

ပျူစောထီးအဖွဲ့ဝင်တွေပစ်လိုက်တဲ့ လက်နက်ကြီးကျည်ထိမှန်လို့ ကလေး ၁ ဦးနဲ့ အမျိုးသမီး ၂ ဦးဒဏ်ရာရ

"ခြေထောက်တွေထိသွားတာ။ နောက်တယောက်ကတော့ ခါးဖောက်ဝင်သွားတာ။ အငယ်ဆုံးတယောက်ကတော့ ပါးမှာ အရေပြားကြီး လန်သွားတယ်။"

စစ်ရေးမှာပိုမိုပူးပေါင်းလုပ်ဆောင်နိုင်ဖို့ NUGနဲ့ PIO/PIA တို့ သဘောတူ

အမျိုးသားညီညွတ်ရေးအစိုးရ - NUG နဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (PIO) /ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့ ဇန်နဝါရီ ၂၃ ရက်ကတွေ့ဆုံဆွေးနွေးပြီး စစ်ရေးဆိုင်ရာလုပ်ငန်းတွေနဲ့ ပြည်သူ့အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းတွေကို ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်လို့ ဇန်နဝါရီ ၂၈ ရက်မှာ PIO/PIA ကသတင်းထုတ်ပြန်ပါတယ်။

တမူးမြို့နယ်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက ပန်းသာရွာနဲ့ မင်းသာရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ရှောင်တွေ လုပ်ကိုင်တဲ့ ရွှေမျောလုပ်ကွက်တချို့ လေကြောင်းကြဲခံရ တဦးသေဆုံး

“စစ်ဘေးရှောင်လာတဲ့ စစ်ဘေးရှောင်တွေပေါ့လေ။ အဲ့မှာ ရွှေမျောလုပ်ကိုင်ကြတာ၊ တအားစည်နေတာ၊ အဲ့နေရာကိုချတာ။ အဲ့ဒါကတော့ ဖောင်းပြင်နဲ့ ဟုမ္မလင်းနယ်စပ်ပေါ့လေ။ နန်းစက်ကကျတော့၊ ပြီးရင် အိုးဘိုကတောက်ကတော့ ဟုမ္မလင်းဘက်ခြမ်း၊ ပြီးရင် ရွှေပြည်အေးနားက မြင်ငါး အဲ့မှာလည်း ချသွားတယ်။ မနေ့က ၁ ရက်ထဲကို ၂ ကြိမ်ချတာ။”

အုတ်ဖိုမှာ ပျူစောထီးတဦး ပစ်သတ်ခံရ

“သူက တပ်ကထွက်တာ။ အာဏာသိမ်းစက စစ်**စိတ် လုံးဝမပျောက်ဘူး။ ပြည်သူတွေအပေါ်လူပါးဝတဲ့ လူစားမျိုးပါ။ သူကြွေးကြော်တာက ငါသာခုချိန်ထိ စစ်ထဲကမထွက်သေးရင် ခုမြို့နယ်က PDF တွေကို အပြီးချေမှုန်းပစ်မယ်တဲ့။ သူ့ကြောင့်အသတ်ခံရတာက ပြည်သူ ၄ ယောက်၊ အဖမ်းခံရ၊ စစ်မှုထမ်းအတွက်ပေါ် တာကိုထည့်တာက ၈ ယောက်။ လူငယ်တွေချည်းပဲ။”

ဇောင်းတူရေအားလျှပ်စစ်စီမံကိန်းအနီးက ရဲစခန်းတိုက်ခိုက်ခံရလို့ ရဲ ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်း

"ရဲကင်းက အရှေ့မှာ ၁ မိုင်နီးပါးလောက်မှာဖြစ်ပြီးတော့ ရှေ့ကိုထပ်တိုးတိုက်တာ။ ဒီဘက်ကအသံကြားတာနဲ့ ရဲစခန်းမှာ မနေတော့ဘဲနဲ့ ကုန်းအောက်ကပြည်သူတွေနေအိမ်ကြားမှာ တိုက်ခံအိမ်တွေမှာသွားနေနေတာ။ ကျနော်တို့ရဲစခန်းနားရောက်တော့ လက်နက်တွေချခိုင်းနေတာ သူတို့ကမရှိနေဘူး။ တိုက်ပွဲကတော့ တနာရီကျော်ကြာတယ်။"

၈ ရက်အတွင်း မုံရွာမြို့ခံရာနဲ့ချီ အဓမ္မဖမ်းဆီးခံရပြီး စစ်သင်တန်းကျောင်းတွေကို ပို့ဆောင်ခံနေရတယ်လို့ဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ဇန်နဝါရီလနောက်ဆုံးပတ်အတွင်းက အသက် ၁၈ နဲ့ ၃၀ နှစ်ဝန်းကျင်အကြား အရပ်သားအမျိုးသား၊ အမျိုးသမီး ၂၀၀ ခန့် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ရွှေကျင်နဲ့ ညောင်လေးပင်မှာ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခံရလို့ အမျိုးသမီးတဦးသေဆုံး

ပဲခူးတိုင်း၊ ရွှေကျင်နဲ့ညောင်လေးပင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အမျိုးသမီး တဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့နေအိမ်တွေ ပျက်စီးသွားတယ်လို့ ရွှေကျင်မြို့နယ်ပအဖ တာဝန်ရှိသူကပြောပါတယ်။

ဆင်ဖြူကျွန်းမှာတိုက်ပွဲဖြစ်နေပြီး လက်နက်ကြီးဗုံးစထိမှန်လို့ အထက်တန်းကျောင်းသူ ၁ ဦး သေဆုံး ၄ ဦးဒဏ်ရာရ

အပြန်အလှန်ပစ်ခတ်မှုတွေအတွင်း ဇန်နဝါရီ ၂၈ ရက် မနေ့မနက် ၈ နာရီခန့်မှာ သရက်ချဉ်ရွာနဲ့ကပ်လျက် စလင်း-ဆင်ဖြူကျွန်း ကားလမ်းနံဘေးရှိ မိုးဝန်းကျေးရွာအတွင်း လက်နက်ကြီး ဗုံးသီးတွေကျရောက်ပေါက်ကွဲခဲ့လို့ ဆယ်ကျော်သက်အရွယ် ၁၀ တန်းကျောင်းသူ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့စစ်တွေက ရွာသားအချင်းချင်းပစ်သတ်မိပြီး သေဆုံးသူတွေဟာ PDF တွေလို့ ဝါဒဖြန့်

" Dead body ကိုကြည့်လိုက်တော့ သူတို့လူအချင်းချင်းဖြစ်နေကြတော့ ဘယ်လိုလုပ်လဲဆိုတော့ PDF တွေဖြစ်တယ်၊ PDF တွေလာလို့ သူတို့ပစ်ရပါတယ်ဆိုပြီး သူတို့လိုင်းပေါ်မှာတင်တာပေါ့"

ခလရ ၂၅၃ ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားသစ် ၂ ဦး ကာကွယ်ရေးတပ်ဖွဲ့ဆီဘက်ပြောင်းခိုလှုံ

“သူတို့ ၂ ဦးက ခလရ ၂၅၃ တပ်ထဲကဝင်လာတာဗျ။ သင်တန်းအပတ်စဉ်လည်းအတူတူပဲပြောတယ်ဗျ၊ ဆက်သွယ်ပြီးအလင်းဝင်လာတာတော့မဟုတ်ဘူး၊ တပ်ထဲမှာ ဖုန်းသုံးရင်းနဲ့အလင်းဝင်ရတဲ့ ဌာနတွေကိုတွေ့တာလည်းဖြစ်တယ်၊ သူတို့ တပ်ထဲကနေထွက်ပြေးလာတာ၊ ၂ ညအိပ်ပြီး ကျနော်တို့ရဲ့ ဒေါင်းစစ်အောင် Local PDF ရဲ့ ပွိုင့်တွေနဲ့တွေ့ပြီး စောင့်ကြိုခေါ်ယူလာခဲ့တာ”

ရေစကြိုနဲ့ မြိုင်မှာ တိုက်ခိုက်ခံရလို့ စစ်သား ၅ ဦးသေဆုံးဟုဆို  ■ သေနတ် ၃ လက်နဲ့ကျည်တွေကိုလည်း ကာကွယ်ရေးအဖွဲ့တွေ သိမ်းဆည်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ရာ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

တောင်သာမှာ စက်တပ်လေထီးနဲ့ဗုံးချလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး သားအဖ ၂ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရွာတန်းရှည်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တပ်လေထီးနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး သားအဖ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ဒေသခံတဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10