သတင်းတို

သိမ်းပိုက်ထားတဲ့ပင်လည်ဘူးမြို့သို့ ဝန်ကြီး ဦးရည်မွန် သွားရောက်စစ်ဆေးပြီး အောင်ပွဲရရဲဘော်တွေကို အားပေး

တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်ပြီး အောင်ပွဲရရဲဘော်တွေကို တွေ့ဆုံအားပေးခဲ့တယ်လို့ ဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဘိလပ်မြေ၊ ဓာတ်ဆီနဲ့ ထုံးတွေတင်ထားတဲ့ ကုန်တင်သင်္ဘောတစီး မီးလောင် (ရုပ်/သံ)

မီးလောင်မှုကြောင့် ဓာတ်ဆီပေပါ၊ ဘိလပ်မြေအိတ်အချို့၊ထုံးအိတ်အချို့နဲ့ ဆန်အိတ်အချို့အပါအဝင်ဓာတ်မြေဩဇာအိတ်တွေလည်း မီးလောင်ပျက်စီးခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုအရေအတွက်ကတော့ မသိရသေးပါဘူး။

ငါန်းမြာကြီးရဲစခန်းကိုပြန်သိမ်းဖို့လာတဲ့ စစ်အုပ်စုနဲ့ ကာကွယ်ရေးအဖွဲ့တွေ ၄ ရက်ကြာ တိုက်ပွဲဖြစ် ■ အထိနာတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်လို့ PDF ၁ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရ

“ ငါန်းမြာကြီးကို ကျနော်တို့က သိမ်းထားတယ်။ သူတို့(စစ်ကောင်စီ)က ပြန်လာယူတာ။ ကျန်တဲ့ရက်တွေက လေကြောင်းတိုက်ခိုက်မှု မရှိဘူး။ ဒီမနက်မှာပဲ လေကြောင်းတိုက်ခိုက်မှု လုပ်သွားတယ်။“

သံခြေကျင်းနဲ့ဆေးကုနေရင်း သေဆုံးသွားတဲ့ နိုင်ကျဉ်းကို သင်္ဂြိုဟ်ခါနီးအထိ သံခြေကျင်း မဖြုတ်ပေး

ဦးဌေးအောင်ကျော်ဟာ အကျဥ်းထောင်အတွင်း နာမကျန်းဖြစ်နေတဲ့အတွက် ၄ ကြိမ် ဆေးကုသခွင့်ရခဲ့ပေမယ့် ဆေးကုသမှုခံယူနေရာကနေ အောက်တိုဘာ ၁၃ ရက် မနေ့က သာယာဝတီဆေးရုံမှာပဲ ဆုံးပါးခဲ့တာဖြစ်ကာ ၎င်းဟာ ဆေးကုသနေစဉ်မှာလည်း သံခြေကျင်းခတ်ခံထားရပြီး ဒီနေ့မနက်နာရေးချခါနီးအချိန်ထိ သာယာဝတီအကျဥ်းထောင်က သံခြေကျင်းလာဖြုတ်မပေးဘူးလို့ ဆိုပါတယ်။

ဘိလပ်မြေ၊ ဓာတ်ဆီနဲ့ ထုံးတွေတင်ထားတဲ့ ကုန်တင်သင်္ဘော ၁ စီး မီးလောင်

"ရေယိုလို့ ဝရိန်ဆော်ရာကနေ မီးလောင်တာ။ သင်္ဘောပေါ်မှာက ဆီ၊ ထုံးနဲ့ ဘိလပ်မြေတံဆိပ်စုံပါတယ်။ ဘိလပ်မြေက Cement တံဆိပ်ကတော့ များတယ်။ "

၄ လအတွင်း ၄ ကြိမ်မြောက်ရေတက်လာလို့ ကျွန်းပေါ်က စစ်ရှောင်တွေအခက်တွေ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းပေါ်ကို ၄ ကြိမ်မြောက် ဧရာဝတီမြစ်ရေ တက်လာတဲ့အတွက် အဲ့ဒီကျွန်းပေါ်မှာ နေထိုင်နေကြတဲ့စစ်ရှောင်တွေ အခက်အခဲဖြစ်နေကြပါတယ်။

ကပစ ၂၄ တပ်ထဲကို ဖမ်းဆီးခေါ်သွားခံရတဲ့ ပေါက်နယ်ဒေသခံ ၄ ဦး အဆက်အသွယ်ပြတ်နေ

“ သူတို့ကရွာနားနီးချင်းတွေဆီကနေ နွား၊ ဆိတ်ရောင်းဝယ်ရေးလုပ်ဖို့သွားရင်းနဲ့ အဖမ်းခံလိုက်ရတာပါ ။ ကျနော်တို့ ရဲဘော်တွေရဲ့စောင့်ကြည့်ကင်းအရ လက်ပြန်ကြိုးတုတ်ပြီးခေါ်သွားတယ် “

ဝမ်းတွင်းက ရဲစခန်းနဲ့ ထွေအုပ်ရုံးတို့ ၄၀ မမနဲ့ပစ်ခံရ

"လက်နက်ကြီး ၄ လုံးပစ်တာ ထွေအုပ်ဘက် ၁ လုံး၊ ရဲစခန်းဘက် ၃ လုံး ကျ​ရောက်ပေါက်ကွဲတာရှိတယ်။ စခ/ရခ သေပျောက်စာရင်းတော့ မသိရသေးဘူး။"

စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရပြီး နေအိမ် ၇ လုံးပျက်စီး

ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ သဖန်းဇင်ကျေးရွာအတွင်းကို အောက်တိုဘာ ၁၃ ရက်မှာ စစ်တပ်က ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦးသေဆုံးကာ ၉ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ ၁ ဦးဆီက သိရပါတယ်။

အမျိုးသမီးယာဥ်ထိန်းရဲအရာရှိ သေနတ်ပစ်ခံရပြီးနောက် မန္တလေးမြို့တွင်း ယာဉ်အဖမ်းအဆီးအနည်းငယ် ရှင်းသွား

" ဒီနေ့တော်တော်နည်းတယ်။ အရင်ကလည်း ဒီလိုပစ်ခတ်မှုဖြစ်ရင်ခဏငြိမ်သွားတယ်။ တပတ်လောက်နေရင်ပြန်ဖမ်းတာပဲ "

စစ်တပ်ရှိတဲ့ စစ်တောင်းမြစ်ဘေးရွာ ၂ ရွာကို PDF တွေဝင်တိုက်မယ်ဆိုတဲ့သတင်းကြောင့် မြစ်ကြောင်းတလျှောက် စစ်ဆေးမှုတင်းကျပ် ■တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုပြီး စစ်တပ်ရှောင်ခိုင်းလို့ ဒေသခံ ၁,၀၀၀ ကျော်လည်း နေရပ်စွန့်ခွာပြေးနေရ

" ကွင်းဆိပ်ရယ်၊ သူရဲသမိန်မှာ လူတွေသိပ်မရှိတော့ဘူး ရွာသားတွေထွက်ပြေးကုန်ပြီ။ ကွင်းဆိပ်ဆိုတရွာလုံးနီးပါးမရှိတော့ဘူး။ PDF တွေဝင်တိုက်တော့မယ်ဆိုပြီး စစ်တပ်ကရွာသားတွေကို ရှောင်ခိုင်းတယ်။ ခုသူရဲသမိန်မှာ လက်နက်ကြီးတွေလည်းဆင်ထားတယ်။ သူရဲသမိန်မှာလည်း ရွာသားကသုံးပုံတပုံလောက်ပဲ ရှိတော့တယ်"

ကန်နီရွာစစ်စခန်းက စစ်ကောင်စီတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာ

" အလင်းဝင်တဲ့သူက အရင်တည်းကအလင်းဝင်ချင်နေတာ။ ဖုန်းတွေကို စစ်ဗိုလ်ကသိမ်းတော့ ချိတ်မရဘူးဖြစ်နေတာ။ အဲ့နေ့ကတော့ အရဲစွန့်ပြီး ကျနော့်ဆီကိုပြေးလာတာပဲ "

ဘုတလင်မြောက်ခြမ်းက စစ်ရှောင် ၅၀၀ နီးပါး အရေးပေါ်အကူညီ လိုအပ်နေ

“မနက် ၁၀ နာရီလောက်မှာ **တွေဝင်ပြီး တွေ့တဲ့လူဖမ်းတယ်။ သက်ကြီးရွယ်အိုတွေကို သတ်တယ်။ ရွာသူရွာသားတွေ အကုန်ထွက်ပြေးနေကြရတယ်။ အချို့ အဝတ်အစားအပိုတောင် ပါမလာကြတာများတယ်။”

အလင်းဝင်ရဲတပ်သားရဲ့ဇနီးဖြစ်သူ သေနတ်နဲ့ကျည်တွေခိုးပြီး PDF ဆီခိုလှုံလာ

“သူကထွက်ခွင့်မသာလို့ မထွက်ခဲ့တာ။ အရင်က ကျနော်တို့ဆီ ဆက်သွယ်ထားတာတော့ ကြာပြီ။ သူ့အမျိုးသားကလည်း အလင်းဝင်ထားတော့ သူ့မှာထွက်ဖို့အကြပ်အတည်းဖြစ်တယ်လို့ ပြောတယ်။ အဲ့ဒါကြောင့်လည်း အခုမှထွက်ခွင့်ရတယ်။”

စစ်ကူလာတဲ့ တပ်မ ၁၀၁ စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၃ ဦးသေပြီး သေနတ် ၂ လက် ဆုံးရှုံး (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဇီးကုန်းရွာဘက်ကိုစစ်ကူလာတဲ့ ပခုက္ကူ တပ်မ ၁၀၁ က အင်အား ၇၀ ပါ စစ်ကြောင်းကို အောက်တိုဘာ ၁၁ ရက် ညနေ ၄ နာရီကျော်မှာ ဒေသခံကာကွယ်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်ို့ Southern YSO PDF ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10