သတင်းတို

သဲကုန်းမှာ ပျုစောထီးတပ်ဖွဲ့ဝင် ၁ ဦး ပစ်ခတ်ရှင်းလင်းခံရ

“ သူတို့ဒေသမှာ ပြည်သူ့စစ်အဖွဲ့ရှိတယ်ကြားထားတော့ ပကဖအဖွဲ့ဝင်တွေအနေနဲ့ သတိထားဖမ်းဆီးဖို့ ကြိုးစားရတယ်။ သူနဲ့အတူပါလာတဲ့အဖော်ကတော့ ပြောတဲ့အတိုင်း မှောက်ထားတယ်။ သူကတော့ အသာတကြည်အဖမ်းမခံလို့ ပစ်ခတ်ရှင်းလင်းလိုက်ရတာ။”

ဆည်ဘောင်ပေါ်မှာ စစ်ရှောင်နေသူတွေရဲ့ အိမ်တွေကို စစ်တပ်က မီးရှို့ခဲ့ (ရုပ်/သံ)

"ဆည်ဘေးကရွာဆိုတော့ ဟိုတစုဒီတစုပေါ့။ သူတို့က အဲ့ဒေသခံတွေမဟုတ်ကြဘူးဗျ။ တချို့က နေအိမ်တွေမီးရှို့ခံရလို့ ဒီဘက်ကိုပြောင်းလာတဲ့သူတွေ၊ တချို့က မီးသွေးဖုတ်၊ ငါးရှာ၊ တောင်ယာလုပ်ဖို့လာကြတာ။ ခုတော့သူတို့နယ်ပဲ ပြန်မလားမသိရသေးဘူး။ ကျနော်တို့လည်း ဘာမှ မလုပ်ပေးနိုင်ဘူး။"

PDF အမည်ခံပြီး ဓားပြတိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ပြေး ၃ ဦး စစ်တပ်ပြန်ခေါ်သွား

"လမ်းမှာတွေ့တဲ့ကောင်လေးဆီက မင်းဆီကဓားကို ငါတို့ကိုပေးလို့ဆိုပြီးတော့ အဲကောင်လေးဆီက ဓားကိုတောင်းပြီးတော့ ငါတို့ကတောထဲကအဖွဲ့တွေ၊ ဒီဘက်ထဲမှာစစ်တပ်ထောက်ခံတဲ့သူရှိလား။ ငါ့နာမည် ဗိုလ်မဲလုံး၊ ငါက PDF ခေါင်းဆောင်လို့ပြောပြီး အဲ့ကောင်လေးကိုခေါ်လာတာ။ သက်ကယ်ကျင်းနားရောက်တော့ ပြန်လွှတ်လိုက်တယ်။"

စားနပ်ရိက္ခာရှားပါးပြီး ဖိနှိပ်ခံရမှုတွေကြောင့် အင်မထီးနဲ့ ဇီးဖြူကုန်းက ပျူအပါ ထွက်ပြေးလာသူ ၄၀၀ ကျော်ရှိ (ရုပ်/သံ)

၂၀၂၄ ခုနှစ် အစပိုင်းမှာတော့ တော်လှန်ရေးတပ်တွေရဲ့ ​နယ်မြေစိုးမိုးနိုင်မှုနဲ့ ရိက္ခာဖြတ်တောက်ထားနိုင်မှုတွေကြောင့် ပျူရွာတွေထဲမှာ စားနပ်ရိက္ခာရှားပါးလာမှုနဲ့ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကြောင့် ရွာအတွင်းက ပျူမိသားစုဝင်အချို့နဲ့ပြည်သူ ၄၀၀ ကျော်ဟာ ပုလဲပအဖဆီကို ထွက်ပြေးလာကြတယ်လို့ ပုလဲပအဖရဲ့လူသားစာနာတာ၀န်ခံက ပြောပါတယ်။

မင်းဘူးမှာ စစ်တပ်သတင်းပေးဆိုသူကိုပစ်သတ်ပြီး အုပ်ချုပ်ရေးမှူးကိုဖမ်းဆီး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ကံသစ်ကျေးရွာမှာ အုပ်ချုပ်ရေးမှူးနဲ့ပေါင်းပြီး PDF သတင်းကိုစစ်ကောင်စီဆီပေးနေသူ နေအိမ်မှာပစ်သတ်ခံရပြီး အုပ်ချုပ်ရေးမှူးလည်း ဖမ်းခံရတယ်လို့ဒေသခံတော်လှန်ရေး အဖွဲ့ဝင်တွေဆီက သိရပါတယ်။

ပုလဲမြို့ မြို့မရဲစခန်း ၈၀ မမ လက်နက်ကြီးနဲ့ အချက် ၂၀ ပစ်ခတ်ခံရ (ရုပ်/သံ)

စစ်သားနဲ့ရဲ အင်အား ၂၀ လောက်ရှိတဲ့ ပုလဲမြို့မရဲစခန်းကို မနက် ၅ နာရီကနေ ၉ နာရီကျော်ထိ ၈၀ မမ ဗုံးသီး အလုံးရေ ၂၀ ပစ်ခတ်ခဲ့တာဖြစ်ပြီး ၁၆ လုံးကတော့ရဲစခန်းအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပေမယ့် ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၁၊ ကျားသစ်နက်တပ်မတော် Black Leopard Army ဥက္ကဌ ဦးဥက္ကာက ပြောပါတယ်။

စစ်အာဏာရှင်ဟောင်း သန်းရွှေရဲ့သားမက် ဒေါက်တာနေစိုးမောင်ကို မင်းအောင်လှိုင်ဖမ်း  ■ ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးရက်လည်လာပြီးနောက်မှာ အဖမ်းခံရတာလို့ဆို

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ဒေါက်တာနေစိုးမောင်ဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေအောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်တာကြောင့် ၂၀၂၄ အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီခွဲမှာ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုထားပါတယ်။

သေနတ် ၁၆ လက်နဲ့ ခဲယမ်းတွေသယ်လာတဲ့ အမျိုးသား ၁ ဦး ညောင်ခါးရှည်ဂိတ်မှာဖမ်းဆီးခံရ

"ကားနဲ့ပါလာတဲ့သူက x-ray ဂိတ်ရောက်တော့ ပြည်သူတွေလမ်းဆင်းလျှောက်တဲ့နေရာမှာ သူက အဲ့ကမလျှောက်ဘဲ ဘေးကဖြတ်ထွက်သွားတော့ သူ့ကိုသံသယနဲ့ရှာတော့ မိသွားတာ။ သူက ပွဲစားလို့သိရတယ်။ မန္တလေးကိုပို့ဖို့ ဘတ် ၂၀,၀၀၀ ရမယ်ဆိုလို့သယ်လာတာ။ ဖရဲသီး (တပ်တွင်းသတင်းပေး) ဆီကသိရတာ။ "

သေနတ် ၃ လက်ယူပြီး အလင်းဝင်လာတဲ့ပျူစောထီးကို ဆုငွေ ကျပ်သိန်း ၁၀၀ ပေး

" သူက ကျန်တဲ့သူတွေ(ပျူစောထီး ၂ ဦး)နဲ့အတူ ကင်းကျတာ။ ဟိုလူတွေအိပ်ပျော်နေတုန်း သေနတ်တွေနဲ့ပစ္စည်းတွေယူပြေးလာတာ။ ည ၂ နာရီလောက်နေမယ်။"

စိုင်ပြင်လေးရွာမှာတပ်စွဲခဲ့တဲ့ စစ်ကြောင်းကို PDF တွေတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးရွာမှာ အထိုင်ချနေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က စစ်သားတွေ ပါဝင်တဲ့စစ်ကြောင်းကို အောက်တိုဘာ ၂၃ ရက် မနေ့က မဟာမိတ်တွေပူးပေါင်းပြီး ၄၀ မမ၊၆၀ မမတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့ဆီက သိရပါတယ်။

ဘုတလင်တခွင် လူသတ်မီးရှို့ လုပ်ခဲ့တဲ့ စစ်ကြောင်းက စိုင်ပြင်လေးရွာမှာ ၅ ရက်ကြာတပ်စွဲပြီး မီးရှို့ထားခဲ့

" ကျနော်တို့အိမ်လည်းပါသွားပါပြီဗျ၊ ဘာမှကိုမကျန်တော့ဘူး၊ အကုန်လုံးပါသွားပါပြီဗျ၊ ဘာမှကို မကျန်တော့ပါဘူး၊ ကျနော့်အိမ်က စပါးတင်း ၁၀၀ လောက်နဲ့ ကုလားပဲတင်း ၆၀ မျိုးထားထားတာတွေလည်း ကုန်သွားပါပြီဗျ"

ဘုန်းကြီးကျောင်းပေါ်ကို ဂျက်ဖိုက်တာနဲ့ပစ်ခတ်လို့ ကျောင်းထိုင်ဆရာတော် ဒဏ်ရာစိုးရိမ်ရ

“ ၁ စီးကဗုံးကြဲတယ်၊ ၁ စီးက စက်လက်နက်နဲ့ ပစ်သွားတယ်။ အဲ့တောင်မှာ ဘုန်းကြီးကျောင်းပဲရှိတာ။ ရွာထဲကတော့ တောင်ပေါ်ကျောင်းလို့ခေါ်တယ်။ အဲ့ဒီတောင်ထိပ်ပေါ်မှာ ဓမ္မာရုံသေးသေးလေး ၁ ခုရှိတယ်။ အခုအဲ့ဒါတွေက လုံးဝနေထိုင်လို့မရတော့ဘူး။ စုတ်ပြတ်သတ်ကုန်ပြီ၊ သူတို့ (စစ်ကောင်စီ)က အမျိုးဘာသာသာသနာဆိုပြီးတော့ ခေါင်းစဉ်တွေတပ်ပြီးလုပ်နေကြတယ်။ ခေါင်းစဥ်တပ်တာနဲ့လုပ်ရပ်တွေနဲ့ တခြားစီဖြစ်နေတာ”

မတ္တရာမြို့နယ် ၁ ခုလုံးကို စစ်တပ်ကထိုးစစ်ဆင်ဖို့ကြိုးစားနေ

"ပစ်ခတ်သံတွေက နေ့တိုင်းနီးနီးနားနားကကြားနေရတာ။ လေယာဥ်တွေဆိုတာလည်း တခါလာဝဲ ၂ စီး။ ခေါင်းပေါ်မှာ အကြာကြီးဝဲပြီးမှ ပစ်တာ။ ဗုံးကျဲလိုက်၊ စက်သေနတ်နဲ့ပစ်လိုက်ပဲ "

တမူးခရိုင်တပ်ရင်း ၄ ကင်းစခန်းကို စစ်အုပ်စုဝင်တိုက်လို့ ကာကွယ်ရေးရဲဘော် ၃ ဦးကျဆုံး ■ကာကွယ်ရေးတပ်တွေ ကြားဖြတ်ပြန်တိုက်လို့ ကသည်းလက်နက်ကိုင် ၃ ဦးသေ၊ ၁ ဦးအရှင်မိ

“ကာကင်းကို အင်အားအလုံးအရင်းနဲ့ ဝင်လုံးတဲ့အနေအထားမှာ ကျနော်တို့ ကလေးတွေက ခံပစ်ရင်းနဲ့ ၄ ယောက်ကလွတ်လာတယ်။ ကျန်တဲ့ ၃ ယောက်ကတော့ ကတုတ်ကျင်းထဲမှာပဲ ခံပစ်ရင်းနဲ့ကျသွားတယ်”

ပင်လည်ဘူး စစ်ဘေးရှောင်အိမ်ထောင်စု ၁၂၀ ကို ၁ အိမ်ထောင် ၁ သောင်းကျပ်နှုန်း ထောက်ပံ့ (ရုပ်/သံ)

ပင်လည်ဘူးမြို့နယ် တောင်ဘက်ခြမ်းက စစ်ဘေးရှောင်တွေဟာ အဖွဲ့ အစည်းတွေရဲ့ ထောက်ပံ့မှုကို တကြိမ်တခါမှ မရဘူးသေးတဲ့ စစ်ရှောင်တွေ အများစု ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ ပင်လည်ဘူး၊ ဝန်သို စစ်မြေပြင်လမ်းကြောင်းမှာ ရှိတဲ့ ရွာတွေက ဖြစ်ကြပြီး စစ်ဘေးရှောင်နေကြတာ ၁ နှစ်နီးပါးကြာပြီလို့ ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10