သတင်းတို

ချောက်မြို့နယ် တော်လှန်အမျိုးသမီးများမှ အမှောင်ကျ ၄ နှစ်ပြည့် အိမ်တွင်းသပိတ်ပြုလုပ်

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ ၄ နှစ်မြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ဒီနေ့မှာ ချောက်မြို့နယ်က အမျိုးသမီးတွေဟာ အမှောင်ကျ ၄ နှစ်ပြည့်အိမ်တွင်းသပိတ်ပြုလုပ်ခဲ့ကြတယ်လို့ ချောက်မြို့နယ်တော်လှန်အမျိုးသမီးများအဖွဲ့ဆီက သိရပါတယ်။

၃ မိုင်ကျော် ခရီးခြေလျင်နှင်ပြီး ခက်ခဲစွာပညာရှာနေရတဲ့ ထီးလင်းနယ်က ကျောင်းသားတွေ(ရုပ်/သံ)

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာရှိတဲ့ ကျောင်းသားအများစုဟာ ပညာသင်ကြားခွင့်ရဖို့ ၃ မိုင်ကျော်ခရီးကို နေ့စဥ် လမ်းလျှောက်ပြီး သွားနေကြရပါတယ်။

အားအင်အသစ်တွေနဲ့ ပြန်လည်ရုန်းထအုံကြွတော်လှန်ပေးကြဖို့ သပိတ်ကော်မတီတိုက်တွန်း

"ပြည်သူတွေက သွေးမအေးပါဘူး စစ်အာဏာရှင်အပါဝင် အာဏာရှင်မှန်သမျှကို အလိုမရှိကြပါဘူး၊ အထွေထွေအကြပ်အတည်းတွေ အရမ်းများလာတော့ စားဝတ်နေရေးအတွက် အချိန်ပိုယူကြရတယ်"

စစ်ရှောင်တွေ နေတဲ့နေရာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲလို့ ကလေးအပါ ၉ ဦးသေဆုံး

“ကလေးတွေရော ခြေပြတ် ခေါင်းပြတ်တွေရော၊ စစ်ရှောင်တွေ နေကြတဲ့နေရာကို ကျတာ၊ စစ်ရှောင်စခန်းကျတာက ဆိုးတာ အသေအပျောက်က၊ တချို့က အရင်ရက်ထဲက လေကြောင်းသတင်းရလို့ ရှောင်ကြတယ်။”

ဧရာဝတီမြစ်အတွင်း ကျောင်းသား ၃ ဦးရေဆင်းကူးရာမှ ၂ ဦးရေနစ်သေဆုံး

"အတူရေကူးနေရာကနေ ၁၁ နှစ်ကလေးက ကျန်ခဲ့ပြီးတော့ ၁၄ နှစ်နဲ့ ၁၆ နှစ်က မြုပ်သွားတာ။ သူက အကူအညီတောင်းလို့ ပတ်ဝန်းကျင်ကသိပြီး ရှာဖွေကြတာ။ နေ့ချင်းဘဲ သေဆုံးလျက် ၂ ယောက်ကိုပြန်တွေ့ပါတယ်"

၂၀၂၁ စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာ နိုင်ငံအလယ်ပိုင်းက ၁၀ မြို့ ကို စစ်ကောင်စီ ဆုံးရှုံးထား

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုကြောင့် ၂၀၂၁ စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာမှာ စစ်ကိုင်းတိုင်းက ၅ မြို့၊ မန္တလေးတိုင်းက ၄ မြို့နဲ့ ပဲခူးတိုင်းအရှေ့ခြမ်းက ၁ မြို့ စတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက စုစုပေါင်း ၁၀ မြို့ကို အာဏာသိမ်းစစ်ကောင်စီက လက်လွှတ်ဆုံးရှုံးထားရပါတယ်။

ရွှေကျင်မြို့နယ်၊ သေခိုဆယ်ရွာဗုံးကြဲခံရ

"တိုက်ပွဲတွေက ရွှေကျင်၊ ပုဇွန်မြောင်းဘက်မှာ ဖြစ်တယ်။ အဲ့ရွာ (သေခိုဆယ်) ဘက်မှာက ဘာတိုက်ပွဲမှ မဖြစ်ဘူး။ အဲ့ရွာက မြို့နဲ့လည်းတော်တော် လှမ်းတယ်။ ရွှေကျင်၊ ပုဇွန်မြောင်းဘက်တိုက်ပွဲတွေမှာ စကစဘက်က အကျအရှုံးများတယ်။ ဒါကြောင့်မို့ ရှုံးမဲမဲပြီးတော့ အဲဒီဒေသဘက်ရွာတွေကို ဗုံးလိုက်ကြဲနေတာ"

စစ်ကောင်စီက လသားအရွယ်ကလေးအပါ ကျေးရွာသား ၄၀ နီးပါးကို ဖမ်းဆီးသွား

“မနက်အစောကြီးတံခါးတွေကို ကန်ဖွင့်ပြီး အိမ်ထဲတွေ့တဲ့သူ ကလေးလူကြီးအားလုံးကို အကုန်ဖမ်းဆီးပြီး ကွင်းချောင်းရွာကို ခြေလျင်ခေါ်သွားတာ၊ ထွက်ပြေးလို့ လွတ်သွားသူတွေလည်းရှိတယ်၊ အကြောင်းမဲ့သက်သက် ပြည်သူတွေကိုအနိုင်ကျင့်ဗိုလ်ကျတယ်လို့ပဲမြင်တယ်"

ဆိပ်ဖြူမှာ စစ်ကြောင်းထိုးမီးရှို့နေလို့ ဒေသခံ ၈,၀၀၀ ကျော်ထွက်ပြေးနေ ■ ဒေသခံ ၁၅ ဦးလည်း ဓါးစာခံအဖြစ်ဖမ်းဆီးခံထားရ

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျောက်ကြီးကျေးရွာနဲ့ ညောင်ဂွေးဝကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဒေသခံ ၈,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိပ်ဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ရေစကြိုမြို့ ရုံးပေါင်းစုံရုံးဝန်းကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်

“စစ်ကောင်စီတပ်သား ၂ ဦး ပေါင်ကိုထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်သားရဲ့ ဇနီးကတော့ ဂုတ်ကိုမှန်ပြီးတော့ ထိခိုက်ခဲ့ပါတယ်။ စုစုပေါင်း ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။”

ဇရပ်ကြီးရွာကို ပေါင် ၅၀၀ ဗုံးကြဲခံရလို့ နေအိမ် ၂ လုံးပျက်စီး

"ပေါင် ၅၀၀ ဗုံးကျတာက စာသင်ကျောင်းအနောက်ဘက် ကမ်းပါးယံစောင်းပေါ်ကျတာ။ ကျတဲ့ အားကပြင်းတော့ မြောက်ဘက်ကလျှိုုချိုင့်ဘက်ကိုပဲ အစတွေက ပိုစင်သွားတယ်။ ထန်းပင်တွေ ဘာတွေပြတ်ကျ၊ သစ်ပင်တွေပြတ်ကျတယ်။ အဆောက်အဦတွေပျက်စီးတယ်။"

မြောက်ယမားချောင်းကို ပြည်သူတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ သွားလာဖို့လွယ်ကူအောင် ကျောက်လမ်းခင်း (ရုပ်/သံ)

ယင်းမာပင်မြို့နယ် ကျေးရွာ ၁၅ ရွာလောက်ကပြည်သူတွေ သွားလာရအဆင်ပြေအောင် ယင်းမာပင်ခရိုင်တပ်ရင်းတခုက မြောက်ယမားချောင်းကူး ကျောက်ခင်းလမ်းကို ခင်းပေးခဲ့ပါတယ်။

ကာကွယ်ရေးအဖွဲ့  နယ်မြေထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးထိခိုက်သူ များပြားဟုဆို (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သရက်ချဉ်ကျေးရွာမှာ ‌ကာကွယ်ရေးအဖွဲ့တွေရဲ့ နယ်မြေထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ၂ ရက်တာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က သေဆုံးသူတွေနဲ့ ဒဏ်ရာရသူ များပြားတယ်လို့ ဒေါင်းစစ်အောင် Local PDF ထံက သိရပါတယ်။

ကလေးထောင်အရာရှိတွေက နိုင်ကျဉ်းတွေရဲ့မိသားစုဝင်တွေကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေရှိနေ

"ဧည့်တွေ့ပြန်လာချိန်မှာ ဖုန်းဆက်လာတော့ ထောင်ပိုင်ကြီးက သူ့ကို အဘတို့၊ ဦးလေးတို့ခေါ်တာကို မခေါ်နဲ့၊ ကိုကြီးလို့ခေါ်ပါ အဲ့ကနေစကားစတယ်။ စကားစပြီးတော့ သူနဲ့သီးသန့်တွေ့ပေးမယ်၊ ချိန်းတွေ့ပြီးတော့အတူနေပေးမယ်ဆိုရင် အမျိုးသားကိုလျှော့ရက်တွေရမယ်။ လျှော့ရက်တွေရအောင်လုပ်ပေးလို့ရတယ်ဆိုပြီးတော့ ပြောသွားတယ်။"

ပေါ်တာဆွဲခံရပြီး စစ်ကောင်စီတပ်သားဖြစ်လာသူတဦး ဘက်ပြောင်းခိုလှုံ

"ပေါ်တာဆွဲခံရပြီးတော့ တပ်ထဲရောက်လာတဲ့သူပါ။ ရခိုင်ဘက်ကို ပို့မှာသိလို့ ထွက်ပြေးလာတယ်။ လက်နက်ခဲယမ်းတော့ မပါပါဘူး။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10