ကပစတပ်ဖွဲ့ဝင် ၂၀ ကျော်ထွက်ပြေးတာကို စက်ရုံမှူးက သတင်းဖုံးကာ လစာနဲ့ရိက္ခာထုတ်ယူ (ရုပ်/သံ)

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပန်းတောင်းမြို့နယ်၊ ဆင်တဲရွာအခြေစိုက် အမှတ် ၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၃)ကနေ အခုနှစ် စက်တင်ဘာနဲ့ အောက်တိုဘာ ၂ လတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် တပ်ကိုစွန့်ခွာထွက်ပြေးခဲ့ပါတယ်။

ထွက်ပြေးနေသူတွေဟာ တပ်သားအဆင့်ကနေ တပ်ကြပ်ကြီးအဆင့်အထိပါဝင်ကာ အများစုဟာ တပ်တွင်းဖိနှိပ်မှုတွေကြောင့် ထွက်ပြေးကြတာဖြစ်ပြီး အဲ့ဒီတပ် အကြီးတန်းအရာရှိတွေက တပ်ပြင်ထွက်ခွင့်ကို တင်းကျပ်စွာ ပိတ်ဆို့ထားတဲ့ကြားက စွန့်ခွာထွက်ပြေးနေကြတာလို့ ကပစ ၃ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။ 

ထွက်ပြေးနေသူတွေဟာ တဦးချင်း ဒါမှမဟုတ် ၂ ဦးတွဲ ၃ ဦး ထွက်ပြေးကြပြီး ကပစ ၃ တပ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည် အင်အား ၁၀၀၀ နီးပါးရှိတာကြောင့် တပ်ဖွဲ့ ဝင်ဦးရေ ၂၀ ကျော် ထွက်ပြေးတာကို ကောင်းကောင်းဖုံးဖိထားနိုင်တယ်လို့ ဆိုပါတယ်။

ကပစ ၃ စက်ရုံမှူး ဗိုလ်မှူးကြီး မောင်မောင်စိုးဟာ အဲ့ဒီထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အထက်ကို မတင်ပြဘဲ သတင်းဖုံးဖိထားကာ စစ်သည်တွေရဲ့ လစာ၊ ရိက္ခာနဲ့ ဦးပိုင်အမြတ်ငွေတွေကို ထုတ်ယူပြီး ကိုယ်ကျိုးအတွက်အသုံးပြုနေတာပါ။

ဒါ့အပြင် ကပစ ၃ စက်ရုံမှူး ဗိုလ်မှူးကြီး မောင်မောင်စိုး အပါအဝင် တပ်အကြီးတန်းအရာရှိတွေဖြစ်တဲ့ အုပ်ချုပ်မှုအရာရှိ မှူး/ဗကပြည့်ဖြိုးအောင်၊ တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီး ရာဇာထွန်းနဲ့ လုံခြုံရေးတာဝန်ခံအရာရှိ ဗိုလ်ကြီး အာကာဖြိုးဝင်းတို့ဟာ အောက်ခြေတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို တပ်တွင်းပိတ်ဆို့ထားပြီး အနိုင်ကျင့် ဖိနှိပ်မှုတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိကာလမှာ စစ်ကောင်စီက ကပစ တပ်ဖွဲ့ဝင်တွေကိုပါ ရှေ့တန်းပို့ဆောင်နေလို့ ကပစ ၃ က တပ်ဖွဲ့ဝင်တွေဟာ တိုက်ခိုက်ရေးတာဝန်တွေ ထမ်းဆောင်နေရတဲ့အပြင် တပ်အရာရှိတွေကလည်း ဖိနှိပ်နေတာကြောင့် အခုလို တပ်ကိုစွန့်ခွာထွက်ပြေးမှုတွေ များပြားနေတာဖြစ်ပါတယ်။

တည်းဖြတ်- ဇို

#မြေလတ်အသံ

#ကပစ၃ #ပန်းတောင်း #ဆင်တဲ #စစ်ကောင်စီတပ်ဖွဲ့ဝင် #ထွက်ပြေး #သတင်းဖုံးဖိ #လစာထုတ်ယူ #ဗိုလ်မှူးကြီးမောင်မောင်စိုး #သတင်း #ရုပ်သံ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10