ကပစ ၂၂ ကိုလာတဲ့ စစ်တပ်ဖောကား ၂စီး မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

ကပစ ၂၂ ကိုလာတဲ့ စစ်တပ်ဖောကား ၂စီး မိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ဆိပ်ဖြူမြို့ပေါ်ကနေ ရွှေဘိုးကျွန်းရွာအခြေစိုက် အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းစက်ရုံ( ကပစ ၂၂ )ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ဖောကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးတယ်လို့  ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဆိပ်ဖြူကနေထွက်လာတဲ အဲ့ဒီကား ၂စီးကို ဇန်နဝါရီ ၂၁ ရက် ညနေ ၃ နာရီခန့်မှာ ဆော-ဆိပ်ဖြူ လမ်းပိုင်း ကူရှည်ကျေးရွာအနောက်ဘက် သပိတ်တပင်လမ်းခွဲအရောက်မှာ ၅ ဂါလံပုံးဝါ လက်လုပ်မိုင်း ၄ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ၂ စီးမြောက်ကားကို ထိမှန်တယ်လို့ ဆိုပါတယ်။

“အနောက်ကား ၁ စီးကို ထိသွားပြီး စစ်***တွေ ကားပေါ်ကနေ ပြုတ်ကြတာကို ကျနော်တို့ မြင်လိုက်ရတယ်။ ၃ ဦးသေဆုံးကြောင်း တပ်တွင်းသတင်း ပေးတွေဆီကနေ သိရတယ်”လို့ ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကား ၂ စီးဟာ အဲ့ဒီ့နေရာမှာတင်ရပ်တန့်သွားပြီး လမ်းနံဘေးရှိ လယ်စောင့်တဲ ၁ လုံးကို ကားပေါ်ပါစစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ကာ  ညနေ ၄ နာရီလောက်မှာ ဖောကား ၂ စီးကို ကရိန်းကားနဲ့ သယ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

ဆိပ်ဖြူမြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကလည်း  ကပစ ၂၂ ကိုထွက်လာတဲ့ စစ်ကား ၂ စီးကို ချစ်ချောင်းရေကျော်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး စစ်ကား ၁ စီးက ကားအမိုးပြုတ်တဲ့အထိ ပျက်စီးခဲ့ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ဆိပ်ဖြူ #ကပစ၂၂ #စစ်တပ်ဖောကား #မိုင်းဆွဲခံရ #၃ဦးသေဆုံး #PDF #တိုက်ခိုက်မှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10