ကမ်ပိန်းငွေနဲ့ အရေးပေါ်လိုနေတဲ့ ကျည်ဆန်နဲ့ ပွိုင့်ဖိနပ် MBT တပ်ဖွဲ့ စတင်ဝယ်ယူ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြိုနယ်အခြေစိုက် Myingyan Black Tiger - MBT တပ်ဖွဲအနေဖြင့် "မြိုပြဆီသို့ သိန်း ၃၀၀၀ ကမ်ပိန်း" ပြုလုပ်ရာမှာ ရရှိလာတဲ့ငွေကြေးနဲ့ အရေးပေါ်လိုအပ်နေတဲ့ ပစ္စည်းတွေကို ဧပြီ ၁၁ ရက်က စတင်ဝယ်ယူထားတယ်လို MBT တပ်ဖွဲ့ဆီကသိရပါတယ်။

Myingyan Black Tiger တပ်ဖွဲ့ဝင် ရဲဘော်တွေ ရှေ့တန်းစစ်မျက်နှာပြင်ကို ထွက်တဲ့အခါမှာ အရေးတကြီးလိုအပ်နေတဲ့ ပွိုင့်ဖိနပ်တွေနဲ့ ကျည်ဆန်တွေကို ဦးစားပေးအနေဖြင့် ဝယ်ယူခဲ့တယ်လို ဆိုပါတယ်။

ပွိုင့်စစ်ဖိနပ် ၁ ရံကို ၂၅၀၀၀ ကျပ်နှုန်းဖြင့် ဖိနပ်အရံ ၆၀ အတွက် ၁၅ သိန်းကျပ်၊ ၅.၅၆ ကျည်ဆန် ၁ တောင့်ကို ၇၀၀၀ ကျပ်နှုန်းဖြင့် ကျည်ဆန် ၁၀၀၀ အတွက် ကျပ်သိန်း ၇၀ နဲ့စုစုပေါင်း တန်ဘိုး ၈၅ သိန်းကျော် ကုန်ကျခဲ့တယ်လို သူကဆက်ပြောပါတယ်။

MBT တပ်ဖွဲ့ဝင်တွေ ဝယ်ယူထားတဲ့ ပွိုင့်ဖိနပ်တွေနဲ့ ကျည်ဆန်တွေကို လက်ရှိစစ်မြေပြင်မှာ အသုံးပြုနေကြပြီး နောက်ထပ်ကမ်ပိန်းကရရှိတဲ့ငွေတွေနဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေကိုလည်း ထပ်မံဖြည့်တင်း ဝယ်ယူသွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုတဲ့ ရဲဘော်သစ်တွေ MBT တပ်ဖွဲ့မှာ ရောက်ရှိနေသလို စစ်သင်တန်းများလည်း ပြုလုပ်နေတာဖြစ်ပြီး မကြခဏ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ပခုက္ကူ #ရေစကြို #MBTတပ်ဖွဲ့ #ကမ်ပိန်း #ခဲယမ်းဝယ်ယူ #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10