ကလေးမှာ သေနတ်ကိုင်ပျူစောထီး ၂ ဦးအပါ ၆ ဦး PDF ထံ အလင်းဝင်လာ

ကလေးမှာ သေနတ်ကိုင်ပျူစောထီး ၂ ဦးအပါ ၆ ဦး PDF ထံ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ သေနတ်ကိုင်ဆောင်ရတဲ့ပျူစောထီး ၂ ဦးအပါအဝင် ၆ ဦး နိုဝင်ဘာ ၅ ရက် မနက်ပိုင်းမှာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းက နိုဝင်ဘာ ၁၆ ရက် ညမှာထုတ် ပြန်ပါတယ်။

အလင်းဝင်လာသူတွေဟာ မန္တာကျေးရွာမှာနေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင် ၂ ဦးနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေဖြစ်ကြတဲ့အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ဖြစ်ကြပါတယ်။

"ပျူစောထီး ၂ ယောက်က ကျနော်တို့တပ်ရင်းကို တိုက်ရိုက်ချိတ်ဆက်ပြီးတော့ ဝင်လာကြတာ။ အလင်းဝင်လာသူတွေထဲမှာ အသက် ၂၈ နှစ် တယောက်သာပါတယ်။ ကျန်တဲ့သူတွေက အကုန်လုံး ၁၈၊ ၁၉ လောက်ပါပဲ" လို့ ဂန့်ဂေါခရိုင်အမှတ် ၁ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အလင်းဝင်လာချိန်မှာ ပျူစောထီး ၂ ဦးမှာ ကာဘိုင်သေနတ် ၂ လက်၊ ကာဘိုင်ကျည် ၂၀၉ တောင့်နဲ့ G 3 ကျည် ၅ တောင့်တို့ ပါရှိပါတယ်။

အလင်းဝင်ရောက်လာတဲ့ ပျူစောထီး ၂ ဦးနဲ့ မိသားစုဝင်တွေကို လုံခြုံစိတ်ချရတဲ့နေရာကိုပို့ဆောင်ပြီးနောက် နိုဝင်ဘာ ၁၆ ရက်မှာ ၎င်းတို့ရပ်တည်နိုင်ရေးအတွက် တပ်ရင်းက ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကလေးမြို့  #သေနတ် #ပျူစောထီး #အလင်းဝင် #ဂန့်ဂေါခရိုင် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10