ကဝမြို့နယ်ပကဖထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို ဆုငွေ ၁၀ သိန်းချီးမြှင့်

ကဝမြို့နယ်ပကဖထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို ဆုငွေ ၁၀ သိန်းချီးမြှင့်

 

ပဲခူးတိုင်း၊ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၁ ဦးကို ဆုငွေ ၁၀ သိန်းကျပ် ချီးမြှင့်ပေးပြီး လွတ်မြောက်နယ်မြေတနေရာကို ပို့ဆောင်ခဲ့တယ်လို့ နိုဝင်ဘာ ၁၈ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူဟာ တနင်္သာရီအခြေစိုက် ခမရ ၅၅၉ တပ်ရင်းမှ လူပျိုလူလွတ် တပ်သား ချစ်မင်းကို ၂၀ နှစ် ဖြစ်ပြီး သူဟာ စစ်ကောင်စီတပ်လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့တာကြောင့် နိုဝင်ဘာ ၁ ရက်မှာ အလင်းဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

"သေနတ်တော့ မပါဘူး။ သူက ကျနော်တို့ကို ကြားခံကနေတဆင့် ဆက်သွယ်လာတာ။ သူ့ကို ကျနော်တို့ ရဲဘော်တွေကိုယ်တိုင် လုံခြုံရေးပေးပြီး သွားခေါ်ဆောင်ခဲ့တာ"လို့ ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

တပ်သားချစ်မင်းကိုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ဧပြီလကတည်းကနေ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံအလင်း ဝင်ရောက်လာဖို့ကို ချိတ်ဆက်ခဲ့ပေမယ့် သူဟာ ရှေ့တန်းတနေရာကို ထွက်ခွာသွားခဲ့ရတာကြောင့် အစီအစဥ်ကို ရပ်တန့်ခဲ့ပြီးနောက် အခုမှ ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၅ ရက်မှာလည်း စစ်ကောင်စီတပ်မှ အသက် ၃၅ နှစ်အရွယ်ရှိ တပ်ကြပ်ကြီး စာရေးတဦးနဲ့ သူ့ ဇနီးတို့အလင်းဝင်ခဲ့တာကြောင့် ကဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို စစ်ကောင်စီတပ်မှ အလင်းဝင်လာသူ ၂ ဦးရှိပြီဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ကဝမြို့နယ် #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #အလင်းဝင် #စစ်ကောင်စီ #ခမရ၅၅၉ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10