သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးရဲစခန်းနဲ့ စာကြည့်တိုက်ကြားမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရဲဘော် ၁ ဦး၊ အသက် ၈၀ အရွယ်အဖွားအို ၁ ဦးနဲ့ မိန်းကလေး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၂၆ ရက် မနေ့ နေ့လယ် ၁၁ နာရီကျော်က ကာကွယ်ရေးတပ်ဖွဲ့တွေ ယာယီတည်းခိုနေတဲ့ နေရာနားကို ဂျက်ဖိုက်တာ တစီးနဲ့ လာရောက်ဗုံးကြဲသွားတာဖြစ်ပြီး နေအိမ် ၇ လုံးလည်း ဗုံးထိမှန်ကာ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
“PDF တွေရှိတယ်ဆိုပြီး အဲ့နေရာ အတိအကျကို သတင်းပေးလိုက်တာ။ PDFတဦးက ပွဲချင်းပြီးသေတယ်။ ဗုံးဘယ်နှစ်လုံး ကြဲလိုက်တာလဲကို မသိလိုက်တာ။ ကြားလိုက်တာတော့ ဝုန်းဆိုပြီး တကြိမ်ပဲကြားလိုက်တယ်။” လို့ ကသာမြို့ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

လေကြောင်းနဲ့ တိုက်ခိုက်ခံရလို့ PDF ရဲဘော် ၁ ဦး၊ အသက် ၈၀ကျော် အဖွားအို ၁ ဦး၊ အသက် ၁၄ နှစ်အရွယ် မိန်းကလေး ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကာ သေဆုံးသူတွေရဲ့ အသေးစိတ်အချက်လက်ကတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
မိုးတားလေးရွာဟာ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းတွေ မရှိတော့ဘဲ ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးရာနေရာ ဖြစ်တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

ကသာမြို့နယ်မှာ စစ်ကောင်စီက ဒီဇင်ဘာ ဒုတိယပတ်ကစပြီး စစ်ကြောင်းထိုး သတ်ဖြတ်တာတွေလုပ်နေပြီး ဒီဇင်ဘာ ၁၅ ရက်က ရဲဘော် ၂ ဦး၊ ပြည်သူ ၁ ဦး၊ ဒီဇင်ဘာ ၂၀ ရက်က ရဲဘော် ၃ ဦး၊ ဒီဇင်ဘာ ၂၁ ရက်က ပြည်သူ ၁ ဦး သတ်ဖြတ်ခံထားရတာလည်း ဖြစ်ပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ကသာမြို့ #မိုးတားလေးရဲစခန်း #စစ်ကောင်စီ #လေယာဉ် #ဗုံးကြဲ #အဖွားအို #မိန်းကလေး #PDF #သတင်း #မြေလတ်သတင်း
Share Share Share