ကာမစစ်ဘီလူးများလက်ထဲ အသက်၊ ခန္ဓာပေးလိုက်ရသည့် “မရွှေမန်းသူ” (အသံလွှင့်ဆောင်းပါး)

တဖက်အခန်းထဲမှ ယောင်းမဖြစ်သူ၏ နာကျင်အော်ဟစ်သံများ၊ စစ်ကောင်စီတပ်သားများ၏ လှောင်ရယ်သံ၊ ဆဲဆိုသံများကို မလှလှ*၏နားထဲ ယနေ့အထိ ကြားယောင်နေဆဲပင်။ စစ်ကောင်စီတပ်သားများ၏ ထိုအသံများကို မိစ္ဆာကောင်များ၏ စက်ဆုပ်ရွံရှာဖွယ်ကောင်းသည့် အသံများအဖြစ်သာ သူက ထင်မှတ်မိနေသည်။

ယောင်းမဖြစ်သူ မရွှေမန်းသူက ငိုယိုပြီး တောင်းပန်ပြောဆိုနေသည့်တိုင် စစ်ကောင်စီတပ်သားများက "မအော်နဲ့ အော်ရင် သတ်ပစ်မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ယူထားတာ တော်တော်ရွတဲ့ကောင်မ" ဟူသော မကြားဝံ့မနာသာ ထပ်တလဲလဲခြိမ်းခြောက်ပြောဆိုသံများကို သူအတိုင်းသား ကြားနေခဲ့ရသည်။

သြဂုတ် ၂၆ ရက်က စစ်ကိုင်း-ရွှေဘိုကားလမ်းမဘေးက လက်ဖက်ရည်ဆိုင်အတွင်းရှိ အခန်းတခုထဲတွင် မလှလှ ဖမ်းချုပ်ခံထားရစဉ် ဘေးကပ်လျက်အခန်းထဲက သူ့ယောင်းမကို စစ်ကောင်စီတပ်သား တယောက်ပြီး တယောက် ထိုသို့ ခြိမ်းခြောက်ပြောဆိုရင်း အဓမ္မပြုကျင့်ခဲ့သည်ဟု သူကပြောသည်။

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10