 
        
  
                
          ကောက်ရတဲ့ 79 ကျည်ဖူး ပေါက်ကွဲရာက ၁၂ အရွယ်ကလေး ၁ ဦးသေဆုံး
        
        
        
        စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အလည်လျှိုကျေးရွာအတွင်း ယမန်နေ့ မတ်လ ၅ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်က အသက် ၁၂ အရွယ် ကလေးတဦး ကောက်ရတဲ့ 79 ကျည်ဖူး ပေါက်ကွဲပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ ခင်ဦး PDF တာဝန်ရှိသူတဦးက ပြောပါတယ်။
 
“ဆယ့်နှစ်နှစ်အရွယ် ကလေးငယ် တဦး နွားကျောင်းထွက်ရင်း တောတွင်းတနေရာက ရရှိလာတဲ့ 79 ကျည်ဖူးကို ကောက်ယူခဲ့ပြီး ကျေးရွာအစွန်နေအိမ်တခုမှာ ကျည်ဖူးကို အုပ်ကန်ပေါ် လွတ်ကျရာက ပေါက်ကွဲမှုဖြစ်ပြီး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တာ” လို့ သူကဆက်ပြောပါတယ်။
ကလေးအမည်မှာ မောင်ချစ်ရင်ထူးဖြစ်ပြီး နွားကျောင်းသားတစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ အလယ်ရှို့ကျေးရွာက အိမ်ခြေ ၈၀၀ ကျော်ရှိပြီး စစ်ကောင်စီတပ်တွေ အကြိမ်ကြိမ်ဝင်ရောက်တပ်စွဲတာ မီးရှို့တာတွေ ပြုလုပ်နေတာပါ။
အာဏာသိမ်းပြီးချိန်မှ ၂၀၂၃ ခုနှစ် မတ်လအထိ ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီဘက်ကကျေးရွာ ၆၆ ရွာမှ နေအိမ်ပေါင်း ၄၀၀၀ ကျော် မီးရှို့ဖျက်ဆီးထားခဲ့ပြီး ရဲဘော်နဲ့ပြည်သူစုစုပေါင်း ၂၅၀ ကျဆုံးထားပြီလို့ စာရင်းတွေအရ သိရပါတယ်။
#မြေလတ်အသံ
 
 
        
        
        
           Share
        
  
        
           Share
         
        
           Share