ကောလင်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်တွေဘက်က ၂ ဦးထပ်မံကျဆုံးပြီး တိုက်ပွဲပြင်းထန်နေ

ကောလင်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်တွေဘက်က ၂ ဦးထပ်မံကျဆုံးပြီး တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ကာကွယ်ရေးတပ်တွေဘက်က ဗိုလ်အဆင့်ရှိသူတဦးနဲ့ တပ်ဖွဲ့ဝင်တဦး ထပ်မံကျဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦး ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁၀ ရက်မနေ့က ကောလင်းမြို့တွင်းရှိ စာသင်ကျောင်းအနီးနဲ့ ပြင်ဦးလွင်ရပ်ကွက်အနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကောလင်းမြို့နယ်ပကဖ အဖွဲ့ဝင်တဦးနဲ့ တပ်ရင်း ၄ မှ ဗိုလ်အဆင့်ရှိသူတဦး တို့ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ 

"**တွေလည်း တော်တော်များများလမ်းပေါ်မှာ အတုန်းအရုန်းမြင်ရတယ်။ **အကျအဆုံးက တော်တော်တော့များတယ်။ အရေအတွက်ကိုတော့ မသိရသေးဘူး "လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ကျဆုံးသူတွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။ 

ဖေဖော်ဝါရီ ၁၁ ရက် ဒီမနက်ပိုင်းမှာလည်း ဆက်လက်တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်စစ်ရေးတင်မားနေတဲ့ အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။ 

ကောလင်းမြို့ကို ဖေဖော်ဝါရီလ ၃ ရက်ကစတင်ပြီး စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေကာ ဖေဖော်ဝါရီ ၄ ရက်မှာ စစ်ကောင်စီတပ်တွေပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ကောလင်းတပ်ရင်း ၂ က စခန်းမှူး အပါအဝင် ရဲဘော် ၄ ဦးနဲ့ ဖေဖော်ဝါရီ ၅ ရက်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆိုပါ တပ်ရင်း ၂ မှ ရဲဘော် ၂ ဦးကျဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၉ ရက်ကလည်း စစ်ကောင်စီတပ်တွေဟာ ကောလင်းမြို့တွင်းက နေရာတချို့ကို မီးရှို့ဖျက်ဆီးခဲ့သလို မြို့နဲ့ ၁၀ မိုင်ခန့်ဝေးတဲ့ ကုက္ကိုကုန်းကျေးရွာက ဆေးရုံအနီးကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ 

ပုံစာ - ကောလင်းမြို့တွင်း အခြေအနေ (ပုံဟောင်း)။ (Kawlin Revolution-KR)

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #တိုက်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10