ကောလင်းမြို့မှာ ပြည်သူရုပ်အလောင်း ၁၀ ဦးကျော် တွေ့ရှိထား

ကောလင်းမြို့မှာ ပြည်သူရုပ်အလောင်း ၁၀ ဦးကျော် တွေ့ရှိထား

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို PDF တွေ အပြည့်အဝထိန်းချုပ်ထားပြီးနောက် နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ချိန် နိုဝင်ဘာ ၆ ရက်မှာ သေဆုံးနေတဲ့ ပြည်သူအလောင်း ၁၀ လောင်းထက်မနည်းကို တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို အတည်ပြုလို့မရသေးပေမယ့် သူတို့ဟာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

"အလောင်းတွေမှာ အမျိုးသား၊ အမျိုးသမီးတွေပါတယ်လို့ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ ရဲဘော်တွေပြောလို့ သိရတာ" လို့ ကောလင်းမြို့ခံအမျိုးသားတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း ထွက်ပြေးခဲ့ရတဲ့ ကောလင်းမြို့ခံ ၅၀,၀၀၀ ခန့်ကို လက်ရှိမှာ မြို့တွင်းထဲကို ပြန်ဝင်ခွင့်မပြုထားပေမယ့် နေထိုင်ရေး၊ စားသောက်ရေးတို့ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့က စီစဥ်ဆောင်ရွက်ပေးထားတယ်လို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်လေကြောင်းကလည်း ကောလင်းမြို့ကိုသိမ်းပိုက်ရရှိခဲ့တဲ့ နိုဝင်ဘာ ၆ ရက်ကစလို့ ဒီကနေ့အချိန်ထိ လာရောက်ပစ်ခတ်တိုက်ခိုက်တာ မရှိသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ကောလင်းမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၃ ရက်ကစတင်ကာ ၅ ရက်အထိ ၃ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ၆ ရက် မနက်မှာ မြို့တခုလုံးကို အပြီးသတ်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းမြို့ #PDF #စစ်ရှောင် #မြို့သိမ်းတိုက်ပွဲ #စစ်တပ် #လေကြောင်းတိုက်ခိုက်မှု #ပြည်သူ #သေဆုံး #အလောင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10