ကောလင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အသေဆုံးများ

ကောလင်းမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အသေဆုံးများ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ တဇူးရွာနားမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အသေဆုံးများတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၂၁ ရက် မနေ့က မနက် ၅ နာရီခွဲဝန်းကျင်ကစကာ ညနေ ၆ နာရီခွဲထိ ကောလင်းကနေ တဇူးရွာဘက်ကို နယ်မြေရှင်းလင်းရေးလုပ်ဖို့ ထွက်လာတဲ့ အင်အား ၁၅၀ ပါ စစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အထိနာပြီး မြို့ထဲ ပြန်ဆုတ်သွားတယ်။ သေဆုံးထိခိုက်တော့ တော်တော်များများတယ်။ လက်ရှိ ၈ လောင်းနဲ့ ပစ္စည်းအချို့  သိမ်းမိတယ်။” လို့ တပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

နယ်မြေရှင်းလင်းချိန် စစ်ကောင်စီအလောင်း ၈ လောင်း ရရှိထားပြီး လက်နက်တချို့လည်း သိမ်းမိထားပေမယ့် သေဆုံးမှုအတိကျကို မသိရသေးဘူးလို့ သိရပါတယ်။

“ပွဲက တနေ့လုံးနီးပါးဖြစ်တာ၊ ဝန်းသိုကနေ ဟောင်ဝစ်ဇာ တရစပ် ထုပေးနေတယ်။ ကောလင်းက ထွက်ခဲ့တဲ့ **တွေကတော့ အတုံးအရုန်း သေသွားတယ်။ အကောင်ရေကတော့ အတိကျ မသိရဘူး။” လို့ ကောလင်းဒေသခံတဦးကလည်း ပြောပါတယ်။

ကောလင်းမြို့ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြန်လည်သိမ်းပိုက်ပြီးနောက် ကောလင်းမြို့ပတ်ချာလည်မှာရှိတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

မတ် ၂၁ ရက်ကလည်း ကောလင်းမြို့နယ်၊ ရွာမကျေးရွာနားမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က သေဆုံးတာတွေရှိသလို ကောလင်းခရိုင်တပ်ရင်း ၂ က တပ်ခွဲမှူးနဲ့ ရဲဘော်တဦး ကျဆုံးခဲ့ပါသေးတယ်။

ပုံစာ - ဧပြီ ၂၁ ရက်တိုက်ပွဲအတွင်း သေဆုံးစစ်သားတချို့ကို တွေ့ရစဉ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ကောလင်းမြို့နယ် #တဇူးရွာ #စစ်ကောင်စီ #ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့  #တိုက်ပွဲ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10