ကျဆုံး PDF ၁ ဦးရဲ့မိသားစုကို NUG က ငွေကျပ် ၁၀ သိန်းထောက်ပံ့

ကျဆုံး PDF ၁ ဦးရဲ့မိသားစုကို NUG က ငွေကျပ် ၁၀ သိန်းထောက်ပံ့

မကွေးတိုင်း၊ မြို့သစ်မြို့နယ်အတွင်းမှာကျဆုံးခဲ့တဲ့ PDF ရဲဘော် ၁ ဦးရဲ့ မိသားစုကို အမျိုးသားညီညွတ်ရေးအစိုးရ - NUG က ငွေကျပ် ၁၀ သိန်း ထောက်ပံ့ပေးခဲ့တယ်လို့ တိုက်ဒေါင်းပကဖဆီက သိရပါတယ်။ 

ကျဆုံးသူဟာ မကွေးတိုင်းအခြေစိုက် တိုက်ဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တပ်ခွဲ ၃ က အသက် ၃၈ နှစ်အရွယ် ရဲဘော် အံ့ကျော် (ခ) မာန်ရှင်းဖြစ်ပြီး တပ်ဖွဲ့တပ်ရင်းမှူးကတဆင့် သူ့ရဲ့မိသားစုကို ဧပြီ ၂၈ ရက်မှာ ထောက်ပံ့ပေးခဲ့တာလို့ တိုက်ဒေါင်းပကဖ ပြန်ကြားရေးတာဝန်ခံ ကိုပုညက ပြောပါတယ်။

ရဲဘော်မာန်ရှင်းဟာ ပြီးခဲ့တဲ့မတ် ၃၁ ရက်က မြို့သစ်မြို့နယ်အတွင်းမှာ ဒလန်ရှင်းဖို့သွားရင်း ပြန်လည်ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တာလို့ ကိုပုညက ပြောပါတယ်။ 

စစ်အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း စစ်‌ကောင်စီအဖွဲ့တွေကို တော်လှန်တိုက်ခိုက်ရင်း တိုက်ဒေါင်းပကဖအဖွဲ့က ရဲဘော် ၄ ဦး ကျဆုံးထာတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #မြို့သစ် #ကျဆုံးရဲဘော် #ထောက်ပံ့ #NUG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10