ကျဆုံး ရဲဘော်တွေအတွက် တိုက်ပွဲခေါ်သံ စောင့်နေသူ မူလန်( ရုပ်/သံ)

မကွေးတိုင်းထဲက တောတွင်းတနေရာမှာ အမျိုးသမီးရဲဘော်တွေဟာ တိုက်ပွဲခေါ်သံအတွက် အဆင်သင့်ဖြစ်အောင် စစ်ရေးလေ့ကျင့်နေကြပါတယ်။ အခုလို စစ်ရေးလေ့ကျင့်တာ ပင်ပန်းတယ် ဆိုကြပေမယ့် အာဏာရှင်ကို တိုက်ဖို့ဆိုရင် ကိုယ်မလုပ်နိုင်ရင်လည်း လုပ်နိုင်အောင် လုပ်တယ်လို့ ဆိုကြပါတယ်။ သူတို့ကတော့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေပဲ ဖြစ်ကြပါတယ်။

တပ်ဖွဲ့ထဲကို ရောက်ခါစမှာ နေရေး၊ စားရေးနဲ့ အမျိုးသမီးအသုံးအဆောင်တွေကအစ အခက်အခဲတွေ ကြုံတွေခဲ့ရတယ်လို့ ဆိပ်ဖြူဘာမထီ ရဲဘော်မူလန်က ပြောပြပါတယ်။ ဒါပေမယ့် အဲဒီအခက်အခဲတွေကို "ငါတော်လှန်ရေးလုပ်နေတယ်" ဆိုတဲ့စိတ်နဲ့ ဖြေသိမ့်ခဲ့တယ်လို့ ဆိုပါတယ်။

 အနာဂတ်မှာ သူနာပြုဆရာမဖြစ်ဖို့ ရည်မှန်းထားပေမယ့် အာဏာသိမ်းလိုက်တော့ သူမရဲ့ ဝါသနာတွေ၊ ရည်ရွယ်ချက်တွေ အားလုံးပျက်ကုန်တယ်လို့ ရဲဘော်မူလန်က ပြောပါတယ်။

သူ့ရဲ့ တော်လှန်ရေးအပေါ်ထားရှိတဲ့ ခံယူချက် ဘယ်လိုရှိနေပါသလဲ အပြည့်အစုံကို မြေလတ်အသံက မေးမြန်းထားပါတယ်။

ရုပ်သံတည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ #အမျိုးသမီးကဏ္ဍ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10