ကျောင်းသားတပ်မတော် အမှတ် ၂ စစ်ကြောင်း အခြေခံစစ်ပညာသင်တန်းသားများ အကဖျော်ဖြေမှု (ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ကျောင်းသားတပ်မတော် အမှတ် ၂ စစ်ကြောင်းရဲ့ နိုင်ငံရေး၊ စစ်ရေး၊ လေ့ကျင့်မွန်းမံ သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းကျောင်းသူတွေက သင်္ကြန်အကနဲ့ တင်ဆက်ခဲ့ကြပါတယ်။

သင်တန်းဆင်းပွဲကို ဧပြီဒုတိယပတ်ကလုပ်ခဲ့ပြီး အပတ်စဥ် ၂ မွမ်းမံသင်တန်းဖြစ်ကာ သင်တန်းသား ၃၉ ယောက် အောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ သင်တန်းမှာ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ အခြေခံအချက်များ၊ ခေါင်းဆောင်မှုဆိုင်ရာ ပညာရပ်များ၊ စစ်ရေး ပညာရပ်များကို စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းကာလ ၁ လတိတိ ကြာမြင့်ခဲ့ပါတယ်။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#ကျောင်းသားတပ်မတော် #သင်တန်းဆင်းပွဲ #ဖက်ဒရယ်ဒီမိုကရေစီ #ခေါင်းဆောင်မှု #စစ်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10