ကျွန်းလှနယ်က လေးရွာအုပ်စု မီးရှို့ခံရလို့ အိမ်ခြေတဝက်ကျော် ပျက်စီး

ကျွန်းလှနယ်က လေးရွာအုပ်စု မီးရှို့ခံရလို့ အိမ်ခြေတဝက်ကျော် ပျက်စီး

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ တောင်ယာဆိပ်အုပ်စုက နေအိမ်တွေကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ ၃၀ ရက်မနေ့ကမနက် ၆ နာရီခွဲလောက်မှာ ဝင်ရောက်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ 

တောင်ယာဆိပ်အုပ်စုဟာ တောင်ယာဆိပ်ရွာ၊ သရက်တောရွာ၊ အောင်ရန်ကင်းရွာနဲ့ မြင်သာဦးရွာ ပေါင်းစည်းထားတဲ့ အုပ်စုတခုဖြစ်ပြီး၊ အဲ့ဒီကနေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ ခမရ ၃၆၈ က စစ်သားတွေနဲ့ ပျူစောထီးတွေက အင်အား ၁၂၀ နီးပါးနဲ့ စစ်ကြောင်းထိုးမီးရှို့ခဲ့တာလို့ ကျွန်းလှဒေသခံတဦးက ပြောပါတယ်။

“အဲဒီလေးရွာအုပ်စုက အခုမှ ပထမ အကြိမ် မီးရှို့ခံရတဲ့ရွာပါ။ စခ တွေက တညစခန်းချသွားပြီး ဒီမနက် (ဇန်နဝါရီ ၃၁ ရက်) မှာတော့ ချက်ကြီးရွာဘက်ကို ပြန်ထွက်ခွာသွားတယ်။ ဖမ်းဆီးခံရတဲ့ ရွာသား ရှိမရှိကိုတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။  

၄ ရွာပေါင်းအိမ်ခြေ ၂၀၀ ဝန်းကျင်သာရှိပြီး စစ်အုပ်စုမီးရှို့ခဲ့လို့ သရက်တောရွာကနေအိမ် ၃၃ လုံး၊ အောင်ရန်ကင်းရွာက ၅၁ လုံး၊ မြင်သာဦးရွာက ၂၁ လုံးနဲ့ တောင်ယာဆိပ်ရွာက ၂၂ လုံး စုစုပေါင်းနေအိမ် ၁၂၇ လုံး မီးလောင်ပျက်စီးသွားတဲ့အပြင် စပါးတိုက် ၃၃ လုံး နဲ့ ကားတစီးလည်း မီးထဲပါ ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။ 

အခုလက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ပြန်လည်ထွက်ခွာသွားကြပေမယ့်လည်း ရွာထဲမှာ နယ်မြေရှင်းလင်းရေး မလုပ်ရသေးတဲ့အတွက် ဒေသခံရွာသားတွေဟာ ကျေးရွာထဲကို မဝင်လာရသေးဘူးလို့လည်း သိရပါတယ်။ 

 #မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10