ကြို့ပင်ကောက်မှာ ချောင်းထဲဂုံးခရုဆင်းရှာတဲ့အမျိုးသား ရေနစ်သေဆုံး

ကြို့ပင်ကောက်မှာ ချောင်းထဲဂုံးခရုဆင်းရှာတဲ့အမျိုးသား ရေနစ်သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်မှာ ရေနစ်သေတဲ့ အမျိုးသားအလောင်း တလောင်းကို ဧပြီ ၂၉ ရက် ဒီမနက် ၆ နာရီခွဲလောက် ချောင်းအတွင်းကနေတွေ့ရှိခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ မြို့လယ်ချောင်း၊ ချောင်းထဲမှာ အသက် ၄၀ နှစ် အရွယ် မြို့လယ်ချောင်းရွာသားတဦး မနေ့ညပိုင်းက ရေနစ်သေဆုံးတာဖြစ်တယ်လို့ ဆိုပါတယ်။

“မနေ့ညက ဂုံးဆင်းရှာရင်း ရေနစ်တာ။ အရက်ကလည်း သောက်ထားသေးတယ်လို့ ပြောတယ်။ ဘယ်လို နစ်လဲတော့ မသိကြဘူး။ သူရဲ့ အိမ်ကတော့ ချောင်းဘေးမှာပဲရှိတယ်“ လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီအလောင်းကို ကျေးရွာသားတွေက ချောင်းအတွင်းက ဆယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ 

ဆယ်ယူထားတဲ့ အလောင်းကို မြိုခံပရဟိတအသင်းကားနဲ့ ကြို့ပင်ကောက်ဆေးရုံ‌ ရင်ခွဲရုံကို ပို့ဆောင်ခဲ့သလို ဆေးစစ်ချက်ယူအပြီးမှာ နေအိမ်ကို ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၁၄ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ် တန်တရာ ဆန်စက်အနီး ဆည်မြောင်းထဲမှာ အုတ်ဖိုမြို့နယ်က အသက် ၁၇ နှစ် အရွယ် လူငယ်တဦးလည်း ရေဆင်းချိုးရာက ရေနစ်သေဆုံးခဲ့ပါသေးတယ်။

ပုံစာ - ရေနစ်သေဆုံးသည့်အလောင်းအား သယ်ယူရန်ပြင်ဆင်နေသည့် ပရဟိတအသင်းကား။

ဓာတ်ပုံ - နာရေးကူညီမှုအသင်း - ကြို့ပင်ကောက်မှ  ကူးယူဖော်ပြသည်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာဝတီ #ကြို့ပင်ကောက်မြို့နယ် #ရေနစ် #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10