သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နမခတပ်ထဲကို လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနဲ့ ဆီတွေ ထောက်ပို့လာတဲ့ အမြန်ရေယာဉ် ၂ စီးကို ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (C.F.G) အဖွဲ့ဆီက သိရပါတယ်။
ဇူလိုင် ၂၃ ရက် နေ့လယ် ၁၁ နာရီ ၁၅ မိနစ်လောက်မှာ ဧရာဝတီမြစ်ကနေ မုံရွာနမခ တပ်ထဲကို ထောက်ပို့လာတဲ့ ရေယာဉ် ၂ စီးကို ရှေ့ထွက်မိုင်း ၁၀ လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"စကစ အင်အားကတော့ မသိရဘူး။ ဧရာဝတီမြစ်ကနေ မုံရွာနမခ တပ်ထဲကို လက်နက်ခဲယမ်း စားနပ်ရိက္ခာနဲ့ ဆီတွေသယ်လာတာ။ သေဆုံးတာကတော့ ** ၃ ကောင်သေပြီး ဒဏ်ရာရတာတွေလည်း များတယ်လို့ ဖရဲသီးသတင်းပေးချက်အရ သိရတာ။" လို့ Chindwin Fighter Group (C.F.G) တာဝန်ခံက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို Chindwin Fighter Group (C.F.G) ၊ မုံရွာခရိုင် တပ်ရင်း ၁၀ Framers Revolution Force 3 တပ်ခွဲ ၂ နှင့် ဗန္ဓုလနှင့်အဖွဲ့သားတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မုံရွာ #ချင်းတွင်မြစ် #ထောက်ပို့အမြန်ရေယာဥ် #တိုက်ခိုက်ခံရ #မုံရွာနမခ #စစ်သား #PDF
Share Share Share