သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ချောက်မြို့နယ်ရဲစခန်းမှူး လိုက်ပါလာတဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Force (C.G.F) ဆီက သိရပါတယ်။
ဖေဖော်ရီ ၂၇ ရက်မနက် ၁၁ နာရီလောက်မှာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တွေ စစ်ဆေးရေးလုပ်နေချိန် ချောက်မြို့နယ်ရဲစခန်းမှူး စိုစိုးမင်းနဲ့ ရဲတပ်သား ၃ ဦး လိုက်ပါလာတဲ့ကားရောက်လာခဲ့ပြီးနောက် စစ်ဆေးမခံဘဲမောင်းပြေးတဲ့အတွက် ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။
၃ မိနစ်ဝန်းကျင်ပစ်ခတ်ခဲ့ပြီးနောက် ကားက ဂွေးပင်ရွာဘက်ကိုမောင်းသွားပြီး လူထိခိုက်မှုတွေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို Chauk Guerrilla Force(C.G.F)၊ ချောက်မြို့နယ် ပကဖနဲ့ မကွေးခရိုင်ပကဖ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ချောက် #ရဲစခန်းမှူး #ကား #ပစ်ခတ်ခံရ
Share Share Share