ချောက်မြို့နဲ့ ပုဂံတို့မှာ အပူလွန်ကဲလို့ဖြစ်ပေါ်တတ်တဲ့ ပျံကျမိုးရွာသွန်း

ချောက်မြို့နဲ့ ပုဂံတို့မှာ အပူလွန်ကဲလို့ဖြစ်ပေါ်တတ်တဲ့ ပျံကျမိုးရွာသွန်း

ကမ္ဘာ့အပူဆုံး စံချိန်တင်ထားတဲ့ မကွေးတိုင်း၊ ချောက်မြို့နဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံတို့မှာ မိနစ်အနည်းငယ်ရွာသွန်းခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

 ယနေ့ ဧပြီ ၂၉ ရက် နေ့လ​ယ် ၃ နာရီကျော်ကျော်ခန့်က ၁၀ မိနစ်ခန့် မိုးရွာသွန်းခဲ့တယ်လို့ မြို့ခံတွေကဆိုပါတယ်။

“ခဏလေးပါပဲ အပူတော့နည်းနည်းကျသွားတယ်။ နေလို့ထိုင်လို့ ရရုံလေးပါ။ မြို့ပေါ်တွေ ရွာတယ်။ ရွာတွေဘက်တော့ မသိသေးဘူး” လို့ မြို့ခံအမျိုးသားတဦးက ပြောပါတယ်။

 အဲဒီမိုးရွာသွန်းမှုဟာ ပုဂံနဲ့ ကျောက်ပန်းတောင်း၊ တောင်တွင်းကြီးမြို့တို့မှာလည်း တပြိုင်နက်ဆိုသလို ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။

 “ပျံကျမိုးဆိုတာက ပူလွန်းလို့ မြေပြင်မှာရှိတဲ့ ရေတွေ အငွေ့ပျံတက်ပြီး အထက်ရောက်တော့ အပူနဲ့ထိတွေ့ပြီးမိုးရွာချတာပါ” လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတဦးက ပြောပါတယ်။ 

ကမ္ဘာ့အပူဆုံး မြို့အဖြစ် စံချိန်တင်ထားတဲ့ ချောက်မြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်က အပူချိန်မြင့်တက်လို့ လူ ၆ ဦးသေဆုံးခဲ့သလို ပုဂံမှာလည်း အပူချိန်မြင့်လို့ သက်ကြီးရွယ်အိုသေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဓါတ်ပုံ - အင်တာနက်။

#မြေလတ်အသံ

#ချောက် #ပုဂံ #အပူလွန်ကဲ #ပျံကျမိုး #ရာသီဥတု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10