ချောင်းဦး၊ အမြင့်ရဲစခန်းမှ ရဲတပ်သားတဦး PDF ဆီ အလင်းဝင်လာ

ချောင်းဦး၊ အမြင့်ရဲစခန်းမှ ရဲတပ်သားတဦး PDF ဆီ အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ အမြင့်ရဲစခန်းမှ ရဲတပ်သားတဦး နိုဝင်ဘာ ၆ ရက် မနက် ၆ နာရီကျော်မှာ လက်နက်နဲ့အတူ  မီးတောက်တပ်ခွဲ၊ မုံရွာခရိုင်အမှတ် ၁၂တပ်ရင်း၊ တပ်ခွဲ ၄ ဆီကို အလင်းဝင်ရောက်လာခဲ့တယ်လို့ တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

အလင်းဝင်ရောက်လာတဲ့ ရဲတပ်သားမှာ အသက် ၂၆ နှစ်အရွယ် လူပျိုလူလွတ်အမျိုးသားတဦးဖြစ်ပြီး MA 13 အမျိုးအစား သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ 9 mm ကျည် ၉၅ တောင့်၊ ကျည်ကာ ၁ ထည်၊ လက်ကိုင်ဖုန်း ၁ လုံးတို့နဲ့အတူ အလင်းဝင်လာခဲ့တာ ဖြစ်ပါတယ်။

"သူ့ကိုအခု တပ်ရင်းမှာ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားတယ်။ သူ့မိသားစုနဲ့လည်း ဖုန်းပြောခွင့်ပေးထားတယ်။ သူတော်တော်ပျော်နေတာ။ သူ့ဆန္ဒအရ ဘယ်ကိုမှမပို့ပေးသေးဘူး"လို့ မီးတောက်တပ်ခွဲ၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၄ မှ တပ်ခွဲမှူးက ပြောပါတယ်။

အခုအလင်းဝင်လာတဲ့ ရဲတပ်သားဟာ ရဲဝန်ထမ်းဘဝမှာ မပျော်တော့တဲ့အကြောင်းကို ကြားခံပြည်သူတဦးဆီမှာ တိုင်ပင်ဆွေးနွေးရာကနေ တိုင်ပင်ခံပြည်သူကတဆင့် မီးတောက်တပ်ခွဲကို ချိတ်ပေးပြီးနောက် တပ်ရင်းမှရဲဘော်တွေက ၎င်းကို လုံခြုံရေးယူပြီး သွားခေါ်ခဲ့ရတာလို့ တပ်ခွဲမှူးကပြောပါတယ်။

လက်ရှိမှာ ရဲတပ်သားရဲ့ အသေးစိတ်အချက်အလက်တွေကို သက်ဆိုင်ရာ NUG ဝန်ကြီးဌာနဆီကို ပို့ပေးထားပြီး ဖြစ်သလို လက်နက်နဲ့အတူ အလင်းဝင်ရောက်လာနိုင်တဲ့အတွက် ဂုဏ်ပြုဆုချီးမြင့်ဖို့ ပြင်ဆင်ထားပြီလို့ သိရပါတယ်။

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #အမြင့်ရဲစခန်း #ရဲတပ်သား #အလင်း၀င် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10