ဂန့်ဂေါက စစ်အုပ်စုရဲ့စခန်းကုန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး သေနတ် ၁၅ လက် PDF ပူးပေါင်းတပ်ဖွဲ့တွေရ

ဂန့်ဂေါက စစ်အုပ်စုရဲ့စခန်းကုန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံးပြီး သေနတ် ၁၅ လက် PDF ပူးပေါင်းတပ်ဖွဲ့တွေရ

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က စစ်အုပ်စုရဲ့စခန်းကုန်းတခုကို စက်တင်ဘာ ၁၈ ရက်မနက် ၄ နာရီကျော်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး သေနတ် ၁၅ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၁၉ တပ်ရင်းက ပြောပါတယ်။

ပျူစောထီးတွေအပါအဝင် စစ်ကောင်စီတပ်သား အင်အား ၂၀ ကျော်နဲ့ တပ်စွဲထားတဲ့ ကန့်သက်ကျေးရွာရဲ့ အရှေ့မြောက်ဘက် ၁ ဖာလုံမှာရှိတဲ့ စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက မိနစ် ၂၀ ခန့်အကြာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦး၊ ပျူစောထီး ၂ ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

"စကစနဲ့ပျူတွေ သေဆုံးတာကို မျက်မြင်ကိုယ်တွေ့မြင်ခဲ့တာ။ ကျန်တဲ့ကောင်တွေကတော့ သေတဲ့အလောင်းတွေကို မယူဘဲထွက်ပြေးသွားကြတာ။ စခန်းထဲကျန်ရှိခဲ့တဲ့ လက်နက်တွေကို ကျနော်တို့သိမ်းဆည်းနိုင်ခဲ့တာ" လို့ ဂန့်ဂေါခရိုင် အမှတ် ၁၉ တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ စစ်ကူ ရောက်မလာတဲ့အတွက် ကျန်ရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတပ်သားတွေက စစ်ကောင်စီတပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) ၂၃ ဆီကို ထွက်ပြေးသွားခဲ့ကြတယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

တိုက်ပွဲအပြီးမှာ  ကာဘိုင် ၉ လက်၊ Greener ၆ လက်၊ ကာဘိုင်ကျည်ဘောက် ၁၈ ခု၊ MA ကျည်ဘောက် ၇ ခု၊ ကာဘိုင်ကျည် ၉၀၀ တောင့်၊ Greener ကျည် ၂၀၀ တောင့်၊ MA ကျည် ၁၅၀ တောင့်၊ အီနာဂါဗုံးသီး ၅ လုံး သိမ်းဆည်း ရရှိခဲ့ပြီး PDF တွေဘက်က အထိအခိုက်မရှိခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ဂန့်ဂေါခရိုင် အမှတ် ၇၊ ၁၈၊ ၁၉ တပ်ရင်းတွေနဲ့၊ CDF မင်းတပ် တပ်ရင်း ၂၊ ပုံတောင်ဂဠုန်နဲ့ ပုံညာမုန်တိုင်း ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၂၁ ရက်၊ မနက်၉နာရီကျော်မှာလည်း ဂန့်ဂေါခရိုင်၊ ကျောမြို့ရဲ့ အနောက်မြောက်ဘက် ကပစ ၂၃ရဲ့ စစ်ရေးအရ အချက်အခြာကျတဲ့ စစ်ကောင်စီတပ်စခန်းကုန်းတခုကို ယောကာကွယ်ရေးတပ် (YDF) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး MA-3 သေနတ် ၂ လက်၊ ကျည်ဘောက် ၁၃ ဘောက်၊ ကျည် ၃၄၃ တောင့်၊ အီကွေးမန့် ၄ ခု၊ ကျောပိုးအိတ် ၁ လုံး၊ ဖုန်း ၄ လုံးနဲ့ Power Bank ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်စခန်း #တိုက်ခိုက်ခံရ #စစ်ကောင်စီ #ဒေသကာကွယ်ရေးတပ်ဖွဲ့များ #စစ်လက်နက်ပစ္စည်းများ #မကွေး #ဂန့်ဂေါ #ကပစ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10