ဂန့်ဂေါခရိုင်မှာ ၃ လအတွင်း ပျူစောထီး ၄ ဦးနဲ့ ရဲ ၁ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

ဂန့်ဂေါခရိုင်မှာ ၃ လအတွင်း ပျူစောထီး ၄ ဦးနဲ့ ရဲ ၁ဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်း ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ ယခု ၂၀၂၄ ခုနှစ် အစောပိုင်းကာလအတွင်း ပျူရွာများက လက်နက်ဖြင့် အလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေတယ်လို့ မကွေးတိုင်းကွပ်ကဲရေးရုံး အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံက သိရပါတယ်။

ဂန့်ဂေါမြို့နယ် ဝင်ဝပျူစောထီးရွာက အသက် ၂၁ နှစ်အရွယ်ရှိ ပျူ ၁ဦးဟာ ဖေဖော်ဝါ ရီလ ၈ ရက်မှာ G3 ၁ လက်၊ G3 ကျည် ၁၈ တောင့်တို့နဲ့အတူ ခရိုင်တပ်ရင်းကို အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ 

"ဆုငွေက ဝန်ကြီးဌာနက ထိုက်သင့်သလို စီစဉ်ပေးမှာပါ။ အခုသူတို့ကို လုံခြုံတဲ့နေရာမှာထိမ်းသိမ်းထားပါတယ်" လို့ တိုင်းကွပ်ကဲရေးရုံးအဖွဲ့ဝင်တဦး က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်က ဂန့်ဂေါမြို့နယ်၊ လယ်ကြီးအနောက်ရွာက ပျူစောထီး ၃ ဦးဟာ G3 သေနတ် ၁ လက်၊ G3 ကျည် ၂၆၈ တောင့်၊ M1 ကာဘိုင် ၂ လက်၊ ကာဘိုင်ကျည် ၁၈၀ တောင့်နဲ့အတူ ခရိုင်တပ်ရင်းများထံသို့ လက်နက်များနဲ့တကွ အလင်းဝင်ရောက်ခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းက တပ်ကြပ် အဆင့်ရာထူးရှိတဲ့ ရဲသား ၁ ဦးလည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဂန့်ဂေါခရိုင် အမှတ် ၃ တပ် ရင်းကို G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ ကျည် ၃၃၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့နဲ့ အလင်းဝင်ရောက်လာခဲ့ပါတယ်။

လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာတဲ့ ရဲနဲ့ပျူစောထီး ၅ ဦးကို ခရိုင်တပ်ရင်းများက လိုအပ်တာများ စစ်ဆေးမေးမြန်းပြီး လုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ဆော #ရဲနဲ့ပျူစောထီး #လက်နက်ခဲယမ်းများ #အလင်းဝင် #PDF #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10