ဂန့်ဂေါမှာ လက်နက်ကြီးထိလို့ ၃ နှစ်အရွယ်ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး

ဂန့်ဂေါမှာ လက်နက်ကြီးထိလို့ ၃ နှစ်အရွယ်ကလေး ၁ ဦးအပါ ၂ ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါအခြေစိုက် ခလရ ၅၀ တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ရှုံးရှီကျေးရွာက ကလေး ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ဒီဇင်ဘာ ၁၆ ရက် မနေ့ကညနေ ၃ နာရီလောက်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီဘက်ကပစ်တဲ့ ၁၂၀ မမ လက်နက်ကြီးကျည်က ရှုံးရှီကျေးရွာတောင်ပိုင်းရှိ စျေဆိုင်ဖွင့်ထားတဲ့ နေအိမ်တလုံးအပေါ် ကျရောက်ခဲ့တာဖြစ်ပြီး ဒေါ်ထွေးရင် ၇၀ နှစ်နဲ့ မောင်သြရထူးလျှံ ၃ နှစ်တို့ ထိမှန်သေဆုံးခဲ့တာပါ။ 

“ထိတဲ့သူတွေက စျေးဆိုင်လေးတဆိုင်မှာ စျေးလာဝယ်တဲ့သူတွေနဲ့ စျေးလာသွင်းတဲ့သူတွေ ထိသွားတာ။ သူတို့အိမ်က ရစရာကိုမရှိတော့ဘူး။” လို့ ရှုံးရှီရွာသားတဦးက ပြောပါတယ်။ 

ဒါ့အပြင် ဒေါ်ထွေးစိန် ၆၇ နှစ်၊ ဒေါ်မြနှစ် ၅၄ နှစ်၊ ဒေါ်ဌေးဌေး ၄၅ နှစ်၊ ကိုလင်းဌေး ၄၀ နှစ်၊ မကေသီလှိုင် ၃၈ နှစ်နဲ့ မမေမြတ်ပိုင်း ၄ လ တို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။ 

ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ ကိုဌေးလင်းဆိုသူဟာ စိုးရိမ်ရတဲ့အခြေနေရှိပြီး သေဆုံးသူတွေကို တော့ ဒီဇင်ဘာ ၁၇ ရက်ဒီနေ့မနက် ၁၀ နာရီလောက်မှာ သင်္ဂြိုဟ်ပေးလိုက်ပြီလို့ ရွာသားတဦးက ပြောပါတယ်။ 

အလားတူ ဒီဇင်ဘာ ၁၆ ရက်နေ့လယ်ပိုင်းမှာပဲ အဆိုပါစစ်အုပ်စုက လက်နက်ကြီးနဲ့ အနီးဝန်းကျင်တွေကို ထပ်မံပစ်ခတ်ခဲ့တာကြောင့် ဇဟောချောင်းအနီး နဲ့ ဇဟောရွာထဲကို ကျည်ကျရောက်ပေါက်ကွဲပြီး ၈ နှစ်အရွယ်ကလေးတဦးရဲ့ဝမ်းဗိုက်ကို ထိမှန်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #ခလရ၅၀ #လက်နက်ကြီးပစ် #သေဆုံး #ကလေး #အမျိုးသမီး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10