ငွေမဲစက္ကူ ၂ သောင်းတန် အသုံးမပြုရေး ကန့်ကွက်ဆန္ဒပြ

ငွေမဲစက္ကူ ၂ သောင်းတန် အသုံးမပြုရေး ကန့်ကွက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာတရွာမှာ စစ်ကောင်စီကထုတ်တဲ့ ငွေစက္ကူ  ၂ သောင်းတန်တွေကို ပြည်သူတွေအသုံးမပြုကြဖို့နဲ့ အလိုမရှိကြောင်း မီးရှို့ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ 

ညောင်ပင်ကြီးရဲစခန်း၊ ဝမ်ပေါင်ကုမ္ပဏီနဲ့ ‌ဆားလင်းကြီးမြို့ပေါ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ရှိနေတဲ့အတွက် အချိန်ယူပြင်ဆင်ပြီးမှ သပိတ်ဖော်ဆောင်ခဲ့တာဖြစ်ပြီး  ဦးပိုင် ဝမ်ပေါင် - ယန်စီ လူသတ်အကြမ်းဖက်မှု ချက်ချင်းရပ်” ဘန်နာကိုင်စွဲပြီးလည်း ကျေးရွာတွင်းလှည့်လည် ဆန္ဒပြခဲ့ကြသေးတယ်လို့ ဆိုပါတယ်။

 ငွေမဲစက္ကူ ဖြစ်နေတဲ့အတွက် အသုံးမပြုအောင်လို့ ကန့်ကွက်တဲ့ သဘောအနေနဲ့ လုပ်ဖြစ်ခဲ့တာ၊ ပြည်သူတွေကို လုံးဝအသုံးမပြုဖို့ လှုံ့ဆော်ပေးတဲ့သဘောပါ၊ ၂ သောင်းတန် စက္ကူငွေ ထွက်လာခဲ့ရင်လည်း အသုံးမပြုကြဖို့ တိုက်တွန်းချင်ပါတယ်။" လို့ ဆားလင်းကြီး ပကဖ အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။


အဲဒီ ဆန္ဒပြပွဲကို 5/ဆလက လူထုသပိတ်စစ်ကြောင်းဖော်ဆောင်ရေးကွန်ရက်၊ Black Hawk Salingyi (၃ .ပ.က.ဖ)၊ Salingyi Heroic People's Defence Forceနဲ့ ကျေးရွာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီလှုပ်ရှားမှုကိုတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ငွေစက္ကူ #နှစ်သောင်းကျပ်တန် #ငွေမဲ #စစ်ကိုင်းတိုင်း #ဆားလင်းကြီး #လူထုလှုပ်ရှားမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10