စခန်းသိမ်းခံရတဲ့ ကျားတက်ရဲစခန်းက သေနတ် ၄ လက်အပါ ပစ္စည်းအများအပြားသိမ်းဆည်းနိုင်ခဲ့

စခန်းသိမ်းခံရတဲ့ ကျားတက်ရဲစခန်းက သေနတ် ၄ လက်အပါ ပစ္စည်းအများအပြားသိမ်းဆည်းနိုင်ခဲ့

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က သိမ်းပိုက်ရရှိခဲ့တဲ့ ဆားလင်းကြီးမြို့ နယ်ရှိ ကျားတက်ကျေးရွာ ရဲစခန်းက သေနတ် ၄လက်အပါအဝင် ကျည်ဆံတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။

 
MA 1 ၂ လက်၊ MA 3 ၁ လက်၊ BA 64(G 4) ၁ လက်၊ အမ်ဂျီ 2 လက်ပစ်ဗုံး ၅ လုံး၊ အီနာဂါဗုံးသီး ၁ လုံး၊ ကျည်ဘောက် ၁၀ ခု၊ ၅.၅၆ မမ အများအပြားနဲ့ ဆက်စပ်ပစ္စည်းတွေ ပါဝင်ပါတယ်။
 
ရဲအပါအဝင် စစ်ကောင်စီတပ်သား ၈၅ ဦးခန့်နဲ့ အခိုင်အမာတပ်စွဲထားတဲ့ ကျားတက်ရဲစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေက ၂ ရက်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် ၃ ရက်မြောက်နေ့မှာ စခန်းကို သိမ်းနိုင်ခဲ့တာပါ။


 
နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက် ၂ ရက်တာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်မှာ စစ်သားနဲ့ရဲတွေ စခန်းကိုစွန့်ကာ ပုလဲမြို့ပေါ်ကို ထွက်ပြေးသွားလို့ PDF တွေက စခန်းကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
 
သတင်း - အောင်စိုး
 
#မြေလတ်အသံ
#ဆားလင်းကြီးသတင်း #ကျားတက်ရဲစခန်း #စခန်းသိမ်း #PDF #စစ်ကိုင်းသတင်း #သတင်း #မြေလတ်သတင်း

 

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10