စခန်းသိမ်းတိုက်ပွဲတွေအတွက် အသေခံတပ်သား ၂၂ ဦး ရွေးချယ်နိုင်ခဲ့ (ရုပ်/သံ)

အာဏာသိမ်း စစ်ကောင်စီကို အရိုးကြေကြေ အရေခမ်းခမ်း အသေခံပြီး တိုက်ခိုက်သွားမယ်လို့ သန္နိဌာန်ချကာ သခင်ဒေါင်းညိုတပ်ဖွဲ့က PDF ရဲဘော် ၇၂ ယောက်ဟာ ကွန်မန်ဒိုပြောက်ကျားနည်းစနစ်ပိုင်း သင်တန်းကို မကြာသေးခင်ကပဲ တောတွင်းတနေရာမှာ တက်ရောက်ပြီးစီးခဲ့ပါတယ်။

သင်တန်းသား ရဲဘော်၇၂ ယောက်ထဲမှာ အမျိုးသမီးရဲဘော် ၁၂ ယောက်လည်း ပါဝင်ပြီး အဲ့ဒီထဲက အသေခံ အထူးကွန်မန်ဒိုရဲဘော် ၂၂ ယောက်ကို ရွေးချယ်နိုင်ခဲ့ပါတယ်။ 

အသေခံ ကွန်မန်ဒို ၂၂ ယောက်ထဲမှာတော့ အမျိုးသမီးရဲဘော် ၂ ယောက်ပါဝင်ပါတယ်။ အဲ့ဒီ ၂၂ ယောက်စလုံးဟာ အသေခံတပ်သားလို့ ခံယူထားကြပြီး အာဏာရှင်စနစ်ကို အမြန်ဆုံး အဆုံးသတ်နိုင်ရေးအတွက် ရည်ရွယ်ထားကြတယ်လို့ သင်တန်းမှူးဖြစ်သူက ဆိုပါတယ်။

ဒီသင်တန်းဟာ အရင်သင်တန်းတွေနဲ့ မတူဘဲ လိုအပ်လာရင် ဖောက်ခွဲရေးပိုင်းမှာ အသက်သေစေနိုင်တဲ့အထိ ဖြစ်လာနိုင်သလို အသေခံ အထူးကွန်မန်ဒိုရဲဘော် ၂၂ ယောက်ဟာလည်း ဒီအတွက် အဆင်သင့်ဖြစ်နေပြီး မြို့သိမ်းတိုက်ပွဲတွေကို အရှိန်မြှင့်ဖော်ဆောင်ဖို့နဲ့ ကနဦးမှာ သူတို့အတွက် အနီးဆုံးရန်သူတွေ ဖြစ်ကြတဲ့ ပျူစောထီးတွေကို တိုက်ခိုက်ဖို့ ဦးတည်ထားတာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #ရုပ်သံ #အသေခံ #တပ်သား #သင်တန်းဆင်း #ရဲဘော် #အင်တာဗျူး #သခင်ဒေါင်းညို #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10