သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရင်သွေးရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်သူ ဆရာမကို စစ်ကောင်စီက စက်တင်ဘာ ၂၁ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးသွားပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၂ ရက် မနေ့က ဆရာမဒေါ်ထားထားဦး တည်ထောင်ထားတဲ့ကျောင်းတွေကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီး ဆရာမကိုတော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေက စိန်ကုန်တိုက်နယ်၊ သာစည်ရပ်က ကျောင်းမှာ အသက် ၅၇ နှစ်အရွယ် ဆရာမ ဒေါ်ထားထားဦးကို စက်တင်ဘာ ၂၁ ရက်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
" ဘာကြောင့်ဆိုတာတော့ မသိဘူး။ သူထောင်ထားတဲ့ ရင်သွေးရတနာကျောင်းက လေးငါးကျောင်းလောက်ရှိတယ်။"လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ ဆရာမ ဒေါ်ထားထားဦးဟာ Htar Oo အမည်နဲ့ Facebook အသုံးပြုပြီး ဝန်ထမ်းတွေကို CDM ပြုလုပ်ဖို့ ခြိမ်းခြောက်လှုံ့ဆော်နေသလို Telegram မှာလည်း Tr Lae အမည်နဲ့ NUG က ဖွင့်ထားတဲ့ Sagaing Federal School အွန်လိုင်းစာသင်ကျောင်းမှာ စာသင်ပေးနေတာကြောင့် ဖမ်းဆီးထားတာဖြစ်တယ်လို့ ရေးသားထားကြပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #စစ်ကိုင်းမြို့ #ရင်သွေးရတနာကိုယ်ပိုင်ကျောင်း #ဆရာမ #ဒေါ်ထားထားဦး #သတင်း
Share Share Share