သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဝက်လက်မြို့နယ်ထဲက ကျေးရွာအချို့မှာ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး လူထုသပိတ်ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြတယ်လို့ သပိတ်ကော်မတီဝင်တွေကတဆင့် သိရပါတယ်။

ယင်းမာပင်မြို့နယ်က ကျေးရွာတရွာမှာတော့ ဇန်နဝါရီ ၇ ရက် ဒီမနက်ပိုင်းမှာ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်ကော်မတီက ဦးဆောင်ပြီး “တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ လူထုမှတပါးအခြားမရှိ” ဘန်နာကိုင်စွဲကာ ရက်ပေါင်း ၁၀၁၈ ရက်မြောက်အဖြစ် ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် ဝက်လက်မြို့နယ်မှာလည်း ဒီဇင်ဘာ ၆ ရက်မနေ့က "စစ်မှန်သော လွတ်လပ်မှုအတွက် မဆုတ်မနစ် တိုက်ပွဲဝင်ကြ"ဘန်နာကိုင်စွဲကာ ကြွေးကြော်သံတွေနဲ့အတူ ကျေးရွာထဲ လှည့်လည် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးမှာ လူထုသပိတ်၊ လူထုလှုပ်ရှားမှုတွေ ဆက်လက်အားကောင်းနေဖို့ လိုအပ်ပြီး တနိုင်ငံလုံးက ပြည်သူတွေပါဝင်ကြဖို့ကိုလည်း သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။
#မြေလတ်အသံ
#စစ်ကိုင်း #ယင်းမာပင် #ဝက်လက် #ဆန္ဒပြပွဲ #လူထုသပိတ် #သတင်း #မြေလတ်သတင်း