စစ်ကိုင်းမြို့က Hello Mobile ဖုန်းဆိုင်ပိုင်ရှင်ကို စစ်ကောင်စီကဖမ်းဆီးပြီး ဆိုင်ကိုချိပ်ပိတ်

စစ်ကိုင်းမြို့က Hello Mobile ဖုန်းဆိုင်ပိုင်ရှင်ကို စစ်ကောင်စီကဖမ်းဆီးပြီး ဆိုင်ကိုချိပ်ပိတ်

စစ်ကိုင်းမြို့က Hello Mobile Phone Sale& Service ဆိုင်ပိုင်ရှင်ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၀ ရက် မနက် ၈ နာရီကျော်က သူရဲ့ဖုန်းဆိုင်ကနေ ဖမ်းဆီးသွားပြီးနောက် ဆိုင်ကိုပါချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ အသက် ၃၉ နှစ်အရွယ် ဖုန်းဆိုင်ပိုင်ရှင် ကိုဝေဖြိုး ဖြစ်ပြီး ပိုးတန်းရပ်ကွက်၊ စျေးလမ်းမှာတည်ရှိတဲ့ သူ့ရဲ့ဖုန်းဆိုင်ကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၂၀ ရက် ည ၁၀ နာရီမှာ ကား ၁ စီးနဲ့ လာရောက်ချိပ်ပိတ်ခဲ့တာလို့ ဆိုပါတယ်။ 

"စကစနဲ့ရဲတွေက ဝေဖြိုးကို ဆိုင်မှာရှိနေတဲ့အချိန်မှာ လာဖမ်းသွားတာ။ ရဲစခန်းကိုဖမ်းခေါ်သွားတာ ဖြစ်နိုင်သလို စစ်တပ်ထဲကိုလည်း ခေါ် နိုင်တယ်။ ဘာဖြစ်လို့ဖမ်းလည်းမသိဘူး" လို့ စစ်ကိုင်းမြို့ခံ အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။ 

စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကိုဝေဖြိုးဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)/ ၅၂(က) အမှုနဲ့ ထွက်ပြေးတိမ်းရှောင်နေရာကနေ စက်တင်ဘာလ ၂၀ ရက်က ဖမ်းမိခဲ့ပြီးနောက် သူပိုင်တဲ့ဖုန်းဆိုင်ကို ချိပ်ပိတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်မှာလည်း စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်မှာရှိတဲ့ အမှတ် ၁ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်အမတ် ဦးစိုးဦးရဲ့ နေအိမ်ကို စစ်ကောင်စီတပ်သားတွေက ချိပ်ပိတ်ခဲ့ကြတယ်လို့ သိရပါတယ်။ 

စာတည်း - ရင်ငြိမ်း 

#မြေလတ်အသံ
#စစ်ကိုင်း #HelloMobile #ဖမ်းဆီး #ချိတ်ပိတ် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10