စစ်ကိုင်းမှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းမှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ စကျင်ကျေးရွာက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စက်တင်ဘာ ၂၂ ရက်မနက် ၈နာရီကျော်မှာ သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အသတ်ခံရသူမှာ အသက် ၄၀ ကျော်အရွယ် ဦးသန်းဥာဏ်ဝင်းဖြစ်ပြီး စကျင်ကျေးရွာက သူ့နေအိမ်ထဲရှိနေချိန် ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

"သူက အိမ်ရှေ့ကွပ်ပျစ်မှာ ကော်ဖီထိုင်သောက်နေတာ။ အဲ့အချိန်မှာ အရပ်ဝတ်နဲ့လူတစုဝင်လာပြီး ပစ်သတ်သွားတာ။ ပွဲချင်းပြီးသေတယ်လို့ သိရတယ်"လို့ စစ်ကိုင်းဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးချိန်မှာ ကျေးရွာရဲ့အုပ်ချုပ်ရေးမှူးနေရာလစ်လပ်နေချိန် စစ်ကောင်စီတပ်က ဦးသန်းဥာဏ်ဝင်းကို ခန့်အပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်အလိုကျ လိုက်လုပ်ပေးနေသူ တဦးဖြစ်တယ်လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

ဦးသန်းဥာဏ်ဝင်းဟာ အုပ်ချုပ်ရေးမှူးဖြစ်ချိန်ကစလို့ PDFနဲ့ ပတ်သက်တဲ့ သတင်းတွေကို လိုက်လံစုံစမ်းပြီး စစ်ကောင်စီတပ်ကို သတင်းပေးပို့နေသူတဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ 

ပြီးခဲ့တဲ့သြဂုတ် ၂၈ရက်မှာလည်း စစ်ကောင်စီတပ်ကို သတင်းပေးနေသူ ၂ဦးဖြစ်တဲ့ စစ်ကိုင်းမြို့နယ်၊အုန်းတောကျေးရွာက စက်သုံးဆီရောင်းဝယ်ရေးဆိုင်ရှင် ဦးစိုးမိုးနဲ့ ဦးချိုတူးတို့ ၂ ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #စကျင်ကျေးရွာ #ရပ်ကျေးအုပ်ချုပ်ရေးမှူး #ပစ်ခတ်ခံရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10