စစ်ကိုင်းမှာ နေအိမ် ၁ လုံး မီးလောင်ပြာကျ

စစ်ကိုင်းမှာ နေအိမ် ၁ လုံး မီးလောင်ပြာကျ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ချင်းစုရပ်ကွက်၊ နယ်မြေ ၁၊ သရက်ခြံနားမှာ ၂ထပ်အိမ် ၁ လုံး မီးလောင်ပြာကျခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဧပြီလ ၁၈ရက် ဒီနေ့လယ် ၂ နာရီခွဲ ဝန်းကျင်က နေအိမ်အပေါ်ထပ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၃ နာရီ ၅ မိနစ်မှာ မီးငြိမ်းခဲ့တယ်လို့ ဆိုပါတယ်။

“ဘယ်လိုကြောင့် လောင်လဲတော့ မသိရသေးဘူး၊ ပတ်ဝန်းကျင် ပြောစကားအရတော့ အပေါ်ထပ်ကစလောင်တာ၊ မီးက တော်တော်များတယ်၊ ဘေးအိမ်က တချို့တံခါးလေးတွေတောင် ကူးနေပြီ၊ ကျနော်တို့ ရောက်တော့ကို တော်တော်ကုန်နေပြီ။”လို့ ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး အရန်မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

မီးလောင်မှုကို စစ်ကိုင်းခရိုင်မီးသတ်စခန်း၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်း၊ စိန်ကုန်းအရန်မီးသတ်စခန်း၊ ထုံးဘိုအရန်မီးသတ်စခန်းတို့က မီးသတ်ယာဉ်တွေနဲ့ လူနာတင်ယာဥ် ၁ စီးတို့က သွားရောက်ကူညီငြိမ်းသတ်ခဲ့ရပြီး လူထိခိုက်မှုတော့မရှိဘူးလို့ ဆိုပါတယ်။ 

မီးစတင်လောင်ရတဲ့ အကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၆ ရက်ကလည်း စစ်ကိုင်းမြို့နယ်၊ ရွှေကြက်ထောင့်ကျေးရွာမှာ နေအိမ် ၁ လုံးမီးလောင်ပြီး အိမ်လုံးကျွတ် ပြာကျခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #နေအိမ် #မီးလောင် #ပြာကျ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10