စစ်ကောင်စီက သေရဲတဲ့ကောင်ထွက်ခဲ့ဆိုလို့  PDF က စလင်းမြို့နယ်မှာ စစ်ဆေးမှုတွေပြုလုပ် (ရုပ်/သံ)

စစ်ကောင်စီက စလင်းဒေသမှာ သေရဲတဲ့ကောင်တွေ ထွက်ခဲ့ဆိုလို့ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်း၊ နွယ်တမယ်တံတားထိပ်နဲ့ ဆုတ်လေဦးလမ်းခွဲတို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-စလင်းက စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ ဆင်ဖြူကျွန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

မေ ၅ ရက် မနက် ၁၀ နာရီလောက်ကနေ ၁၁ နာရီလောက်အထိ စလင်းမြို့အနီးဝန်းကျင်မှာ လမ်းသွားလမ်းလာ ကားနဲ့ဆိုင်ကယ်တွေကို စလင်းပကဖ က  စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာလို့  စလင်းပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

အခုလို စစ်ဆးတာဟာ အကြောက်တရားတွေ ရှိနေတဲ့ ပြည်သူတွေကို သွေးအေးမသွားဖို့နဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ အကြောက်တရားမထားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်၊၊ အဲဒီနေ့က ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ဆေးနေချိန် ဆင်ဖြူကျွန်းစျေးက စျေးသည်အချို့ကလည်း ကာကွယ်ရေးရဲဘော်တွေအနီးကို လာပြီး ကြည့်ရှုတာတွေရှိသလို ရေဗူးပေးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ဆင်ဖြူကျွန်း #စလင်းမြို့ #စိစစ်ရေးပြုလုပ် #စလင်းပကဖ #ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10