စစ်ကောင်စီစစ်ကြောင်း ၂ ရက်ဆက်တိုက်ခိုက်ခံရပြီး ၆ ဦးသေ ၂၀ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့၊ တပ်မ ၁၀၁ က ကား ၁၂၀ စီးပါ စစ်ကြောင်းကို မတ် ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ၂ ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ဆီက သိရပါတယ်။

မတ် ၂၃ ရက် မနက် ၆ နာရီကနေ ညနေ ၅ နာရီအထိ ပခုက္ကူမြို့နယ်နဲ့ ကမ္မမြို့နယ်အကြားမှာ ဒရုန်းနဲ့ ဗုံးသီး ၃၅ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး မတ် ၂၄ ရက်မှာတော့ တွင်းမရွာရဲ့ မြောက်ဘက်မှာ ဒရုန်းဗုံးသီး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

၂၃ ရက်နေ့ တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က သေဆုံးသူ ၂ ဦးနဲ့ ဒဏ်ရာရသူ ၈ ဦးရှိခဲ့ပြီး ၂၄ ရက်နေ့တိုက်ခိုက်မှုမှာတော့ စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တာလို့ ဗိုလ်လက်ယာက ဆက်ပြောပါတယ်။

အဲဒီ ခြေလျင်စစ်ကြောင်းဟာ ပခုက္ကူမြို့ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၁၊ ခလရ ၂၅၂၊ ခလရ  ၂၅၆၊ ခလရ  ၂၅၇၊ ခလရ ၂၅၈နဲ့ တပ်မ ၁၀၁ က စစ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြို့နယ် ပကဖ၊ မြိုင် ပကဖ  တပ်ရင်း၁တပ်ခွဲ၁ ဂဠုန်၊ တပ်ခွဲ၄ စက်ကြာ၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့၊ MRTF၊ Black Cobra၊ PKU -Thu Rein၊ Kamma Undergound၊ PPDF၊ DMG တပ်ဖွဲ့၊ Freedom Fighters တပ်ဖွဲ့၊ ပေါက် ပကဖ၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ Earthquake Defense Force၊ Young Force၊ Black Cheetah၊ ဧရာအနောက်တပ်ဖွဲ့၊ ကင်တိုတပ်ဖွဲ့ တို့က ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #တပ်မ၁၀၁ #ဒရုန်းဗုံးကြဲ #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10