စစ်ကောင်စီရဲ့ စခတ ၁၀ တပ်ရင်းအပါ ၂ နေရာကို ဒရုန်းနဲ့ဗုံးကြဲ

စစ်ကောင်စီရဲ့ စခတ ၁၀ တပ်ရင်းအပါ ၂ နေရာကို ဒရုန်းနဲ့ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲနေတဲ့ နေရာ ၂ ခုကို မတ် ၂၂ ရက်တရက်တည်းမှာတင် ဒေသခံကာကွယ်ရေးတပ်တွေက ဒရုန်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းမျိုးဆက်(ဝက်လက်) တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

နေ့လယ် ၁ နာရီလောက်မှာ အရာတော်အခြေစိုက် အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ ၁၀) ကို Fixed Wings ဒရုန်း ၄ စီးသုံးပြီး ဗုံးသီး ၃ လုံးချတိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ ဗုံးသီး ၄ လုံး နဲ့ပစ်တာ၊ တလုံးက မကွဲလိုက်ဘူး။ ထိခိုက်သေဆုံးတာတွေကို ကျနော်တို့ အတွင်းလူကနေတဆင့် သိရတယ်” လို့ ဒေါင်းမျိုးဆက် (ဝက်လက်) တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒေါင်းမျိုးဆက် (ဝက်လက်)အဖွဲ့အနေနဲ့ အဆိုပါတပ်ရင်းကို ပစ်ခတ်တိုက်ခိုက်တာ ခုတကြိမ်နဲ့ဆိုရင် ၃ ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။ 

အလားတူ မတ် ၂၂ ရက် ည ၈ နာရီလောက်မှာတော့ ပျူစောထီးနဲ့စစ်သားတွေအထိုင်ချနေတဲ့ ငွေတွင်းရွာတပ်စခန်းကို ဗုံးသီး ၄ လုံးနဲ့ပစ်ခတ်ခဲ့ကာ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာကြောင့် ဒရုန်း ၁ စင်းဆုံးရှုံးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုတွေကို ဒေါင်းမျိုးဆက် (ဝက်လက်) တပ်ဖွဲ့၊ တန်ခိုးရှင် (ဝက်လက်)၊ Phoneix (ဝက်လက်)၊ ဗိုလ်တာနော (အရာတော်) အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ဒေါင်းမျိုးဆက်တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလတုန်းကလည်း အရာတော်မြို့နယ်၊ သလဲဘာရွာပျူစောထီးစခန်းကို ဒရုန်းအသုံးပြုပြီး ဗုံးသီး ၁၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

ပုံစာ - ကာကွယ်‌ရေးတပ်များအသုံးပြုသည့် ဒရုန်းနှင့် ဗုံးသီးများ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #အရာတော် #စစ်ကောင်စီ PDF #ဒရုန်းဗုံးကြဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10