စစ်ကောင်စီရဲ့ ထောက်ပို့လေယာဉ်တစီး ကချင်မှာ ပစ်ချခံရ(ရုပ်/သံ)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကန်တော်ယန်ကျေးရွာ၊ နာဖော့စစ်ကောင်စီစခန်းအနီးမှာ စစ်ကောင်စီ ထောက်ပို့ရဟတ်ယာဉ်တစီး ပစ်ချခံရပြီး ပျက်ကျသွားတယ်လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

၂၀၂၄ ဇန်နဝါရီ ၃ရက် နေ့လယ် ၁၂နာရီ ဝန်းကျင်က နာဖော့စစ်တပ်စခန်းကို ရဟတ်ယာဉ် ၂ စီးနဲ့ ရိက္ခာလာပို့စဉ် တစီးက ပစ်ချခံလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“နာဖော့စခန်းကို နှစ်စီးရိက္ခာလာပို့တာ၊ ခုကျတဲ့တစီးက Mi35။ သူကကင်းချတဲ့သဘော၊ ဒါကြောင့် ပစ်ချတာ ကင်းယူတဲ့အစီးပေါ့။ မောင်းသူလည်း သေမှာပါ့။ ချက်ချင်း မီးလောင်ကျသွားတာကြီး။”လို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။

ပစ်ချခံရပြီးနောက် ရိက္ခာလာချတဲ့ ထောက်ပို့ရဟတ်ယာဥ်လည်း ရိက္ခာမချနိုင်ဘဲ ပြန်မောင်းသွားတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#သတင်း #ရုပ်သံ #စစ်ကောင်စီ #ထောက်ပို့ #ရဟတ်ယာဉ် #ပစ်ချခံရ #ပျက်ကျ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10