စစ်ကောင်စီအဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ရွှေဘိုမြို့မုခ်ပေါက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာမှာ ၅ ဦးဒဏ်ရာရသွားတယ်လို့ Buffalo soldiers freedom Force အဖွဲဆီက သိရပါတယ်။

မတ် ၂၇ ရက် မနက် ၁၁ နာရီခန့်မှာ အင်အား ၃၀ လောက်နဲ့ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီအဖွဲ့ကို Fixed wings drone ၃ စီးနဲ့ ဗုံးသီး ၄ လုံးချ တိုက်ခိုက်ခဲ့သလို နေ့လယ် ၁ နာရီ ၄၉ မိနစ်ခန့်မှာ အင်အား ၇၀ ကျော်လောက်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို Fixed Wings Drone ၃ စီးနဲ့  ဗုံးသီး ၄ လုံးချ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ Buffalo soldiers freedom Force တာဝန်ခံ ဗိုလ်ကျွဲကြီးကပြောပါတယ်။

ဗုံး ၈ လုံးချတိုက်ခိုက်ချိန်မှာ အမှတ် ၅ ရပ်ကွက်၊ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးဒဏ်ရာပြင်းထန်ရသွားတယ်လို့ ဒေသခံသတင်းပေးတွေထံက သိရပြီး ရွှေဘိုမုခ်ဝမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ တန်ပြန်ပစ်ခတ်တာရှိသလို ညပိုင်းတွေမှာလည်း လက်နက်ကြီးရမ်းသမ်းပစ်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Buffalo soldiers freedom Force အဖွဲနဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေက စုပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မတ် ၂၅ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာမှာ ပျူစောထီးတွေအစည်းအဝေးလုပ်နေချိန် ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ရွှေဘို #စစ်ကိုင်း #စစ်ကောင်စီ #ဒရုန်း #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10