စစ်တပ်ထောက်ပို့သင်္ဘော ၇ စီးကို PDF က ထပ်မံဖမ်းဆီးပြီး ဆီပေပါ၊ သစ်လုံးနဲ့ ယာဉ်ယန္တရားတွေ သိမ်းဆည်းရမိ

စစ်တပ်ထောက်ပို့သင်္ဘော ၇ စီးကို PDF က ထပ်မံဖမ်းဆီးပြီး ဆီပေပါ၊ သစ်လုံးနဲ့ ယာဉ်ယန္တရားတွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်အတွင်းမှာ စစ်ကောင်စီတပ်ထောက်ပို့ သင်္ဘောတွေကို  နိုဝင်ဘာ ၆ ရက်မှာ ၂ စီး နဲ့ ၉ ရက်မှာ ၇ စီး စုစုပေါင်း ၉ စီးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ KLG PDF (ကျောက်လုံးကြီး) တပ်ဖွဲ့ထံမှ သိရပါတယ်။

ချင်းတွင်းမြစ်အတွင်း ကျောက်ချရပ်တန့်ထားတဲ့ စစ်တပ်ထောက်ပို့သင်္ဘောတွေဖြစ်ပြီး သင်္ဘောပေါ်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၈ ရက်ညပိုင်းက သင်္ဘောတွေပေါ်ကနေ ထွက်ပြေးသွားတဲ့အတွက် သင်္ဘောအားလုံးကို သိမ်းဆည်းရရှိခဲ့တာလို့ ဆိုပါတယ်။

" နေကလည်းပူတော့ အပြင်ထွက်ကြတယ်။ ထွက်ရင် ကျနော်တို့က စနိုက်ပါနဲ့ပစ်တာ။ ခေါင်းထွက်ရင် ခေါင်းကိုပစ်တယ်။ လက်ထွက်ရင်လက်ကို ပစ်တယ်။ ဒါကြောင့် သူတို့လုံးဝမထွက်ရဲတော့ မုံရွာဘက်က တွဲဒိုးတစီးခေါ်ပြီး ထွက်ပြေးသွားကြတာ"လို့  ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂၊ ၂၃ KLG PDF(ကျောက်လုံးကြီး) မှပြန်ကြားရေးတာဝန်ခံ ATက ပြောပါတယ်။

အဆိုပါ သင်္ဘောများပေါ်မှ ဒီဇယ်ဆီပေပါ ၁၀၀၊ သစ်အလုံးရေ ၂၀၀၊ သစ်ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ယန္တရားယာဉ် ၂ စီးနဲ့ ယန္တရားသယ်ယာဉ် ၁ စီး၊ ဆိုင်ကယ် ၅စီးနဲ့ စက်ဘီး ၁စီး တို့ကို သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။

သင်္ဘော ၉ စီးဟာ နိုဝင်ဘာ ၄ ရက်က ဟုမ္မလင်းမြို့နယ်မှ လက်နက် ၊ ရိက္ခာနဲ့ သစ်တွေ တင်ဆောင်ပြီး ကနီမြို့နယ်ထဲကိုရောက်ရှိလာတာဖြစ်ကာ သင်္ဘောတွေရပ်တန့်ထားချိန်ကစလို့  သင်္ဘောပေါ်ကစစ်သားတွေကို နေ့ရော၊ ညပါ  စနိုက်ပါ ၅ လက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

သိမ်းပိုက်ရရှိထားတဲ့ သင်္ဘော ၉ စီးအနက်မှ ၂စီးကို ရေမြှုပ်ထားပြီး ကျန်တဲ့ ၇ စီးကိုတော့ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်သိမ်းပိုက်ရရှိမှုကိုတော့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊၂၂၊၂၃ KLG PDF(ကျောက်လုံးကြီး)အဖွဲ့ ဦးဆောင်ပြီး ယင်းမာပင်ခရိုင်တပ်မဟာ၊ BNRA၊ BLDF၊ ULF တပ်ပေါင်းစု၊ KGအဖွဲ့၊ ဘိုးတော်နီအဖွဲ့နဲ့ ဒေသခံပကဖတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ကနီ #ထောက်ပို့သင်္ဘာ #ဖမ်းဆီးရမိ #PDF #KLG #ချင်းတွင်းမြစ်ကြောင်း #ဆီပေပါ #သစ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10