သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အဘွားအို ၁ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဇွန်လ ၁၀ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ ၉ ရက် မနက် ၅ နာရီခွဲမှာ ခမရ ၃၀၇ ရွှေဝါတပ်ရင်းကနေ ကျောက်တံခါးမြို့နယ်၊ နတ်လောင်ကျေးရွာအုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ သရက်တိုက်ကျေးရွာအတွင်း တလုံးကျရောက်ပေါက်ကွဲပြီး အသက် ၈၅ နှစ်အရွယ် ဒေါ်တင်မြကို ထိမှန်သေဆုံးခဲ့တာပါ။
"စစ်တပ်ဘက်က လက်နက်ကြီးတွေက နေ့တိုင်းမပစ်တဲ့ရက်ကမရှိဘူး။ ဒေသခံတွေထိတာနဲ့ မထိတာဘဲရှိတယ်။ ရွာတွေထဲကျရင်တော့ ဒေသခံတွေကထိပြီးသားပဲ"လို့ ဒေသခံတဦးက ပြောပါတယ်။
ဇွန်လ ၆ ရက် မနက် ၆ နာရီကျော်မှာလည်း ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်ရာ ထွနီကုန်းကျေးရွာအတွင်းက နေအိမ်တလုံးပေါ်ကျပြီး ညားနော်ပယ်ထူး ၅၅ နှစ်၊ တီးခိုရော့ဘယ် ၅၅ နှစ်၊ စောဆာဟဲပူး ၁၅ နှစ်နဲ့ နော်ဆဲအယ်ရှီး ၁၃ နှစ်တို့မှာ ဒဏ်ရာတွေရရှိခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်တွေဟာ ကျောက်ကြီးနဲ့ ကျောက်တံခါးမြို့နယ်တွေအတွင်း တိုက်ပွဲမရှိဘဲ လက်နက်ကြီးတွေနဲ့ မကြာခဏပစ်ခတ်လေ့ရှိတာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေရှိနေတာပါ။
ပြီးခဲ့တဲ့ မေလ ၃၁ ရက် ညပိုင်းမှာလည်း ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၄ တပ်ရင်း ကနေ ၁၂၀ မမ လက်နက်ကြီး ၂ လုံးပစ်ခတ်ခဲ့ရာ ကျောက်ကြီးမြို့နယ်၊ တောင်ခင်းကျေးရွာထဲ တလုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သားမိ ၂ ဦးကိုထိမှန်ကာ မိခင်ဖြစ်သူသေဆုံးပြီး သမီးဖြစ်သူတော့ ဒဏ်ရာရခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ကျောက်တံခါး #ကျောက်ကြီး #စစ်ကောင်စီ #လက်နက်ကြီး #ဒဏ်ရာရ #သေဆုံး #ပြည်သူ
Share Share Share