စစ်ထောက်လှမ်းရေးဟောင်းရဲ့သားဖြစ်သလို DSA လည်းတက်ခဲ့ဖူးတာကြောင့် ဒလန်စွပ်စွဲခံနေရတဲ့ စစ်ဦးစီးချုပ် ဟာကျူလီ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ PRA- Magway ရဲ့ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဟာကျူလီ (ခ) ကျော်ကိုရှိန်ကို ဒလန်လို့ စွပ်စွဲပြောဆို ရေးသားထားတဲ့စာတချို့ ဖြန့်ဝေသူတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါဝင်နေပါတယ်။

သူ့ရဲ့ ဖခင်ဖြစ်သူဟာ သူရဲ့ဖခင်ဖြစ်သူဟာ ယခင်စစ်ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့်ဖမ်းဆီးဖြုတ်ချခံရစဉ် ဖြုတ်ချခံရတဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ဝင်ဟောင်းတဦးဖြစ်သလို သူကိုယ်တိုင်လည်း DSA နောက်ဆုံးနှစ်အထိ တက်ခဲ့ဖူးတာတွေကို ထောက်ပြီး တခြားသော မမှန်ကန်တဲ့ အချက်အလက်တွေနဲ့ စွပ်စွဲရေးသားထားတာဖြစ်တယ်လို့ PRA- Magway ရဲ့ စစ်ဦးစီးချုပ် ဟာကျုလီက ပြောပါတယ်။

PRA စစ်ဦးစီးချုပ် ဟာကျူလီဟာ စစ်တက္ကသိုလ် DSA အပတ်စဉ် ၄၈ မှာ တက်ရောက်နေစဉ် အဖေဖြစ်သူ စစ်ထောက်လှမ်းရေး ဖမ်းဆီးခံရတာကြောင့် DSA နောက်ဆုံးနှစ်ကနေ ဆက်လက်တက်ရောက်ခွင့်မရတော့ဘဲ ထုတ်ပယ်ခံခဲ့ရတာလို့လည်း သိရပါတယ်။

စေတုတ္တရာ၊ တိုင်းဒေသကြီး အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ်အပါအဝင် လွှတ်တော်အမတ်အချို့က PRA စစ်ဦးစီးချုပ်ကို စစ်ကောင်စီသူလျှိုအဖြစ် စွပ်စွဲနေတာတွေဟာ ချင်းနဲ့ဗမာ လူမျိုးရေးခွဲတဲ့အဆင့်အထိ တိုက်ခိုက်လာနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အဲ့ဒီလိုစွပ်စွဲရေးသားချက်တွေကို မကြာခဏကြုံရဖူးသော်လည်း အခုအခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင် ပါဝင်ရေးသားဖြန့်ဝေတာတွေပါ လုပ်လာတဲ့အတွက် လူသိရှင်ကြားဖြေရှင်းရတာဖြစ်သလို အခုလို စွပ်စွဲမှုတွေဟာ PRA ကို တခြားသော မဟာမိတ်တွေအပြင် PRA ကို ထောက်ခံအားပေးနေတဲ့ ဒေသခံပြည်သူ တွေကြား သွေးခွဲနေတာဖြစ်တယ်လို့ မြေလတ်အသံနဲ့ သီးသန့်အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

 

#မြေလတ်အသံ

#PRAMagway #စစ်ဦးစီးချုပ် #ဟာကျူလီ #ကျော်ကိုရှိန် #ဒလန်စွပ်စွဲ #လူမျိုးရေးခွဲခြား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10