စစ်ဗိုလ်ကြီး အိပ်မက်

စစ်ဗိုလ်ကြီး အိပ်မက်

နည်းနည်းလေးသိခြင်းက စောက်ရမ်း (အများကြီး)အန္တရယ်ရှိတယ်ဆိုတဲ့ စကားပုံတခုရှိတယ်။a little knowledge is very dangerous တဲ့။
မကွေး အဝေးသင်ကျောင်းသားဘဝက တပ်ကြပ်တယောက်နဲ့ ခင်မင်ခဲ့ဖူးတယ်။ သူက အဝေးသင်မှာ နှစ်ကြီးသမား။ ကျတော်ထက်လည်း အသက် ၄ နှစ်လောက်ကြီးတယ်။နောက်ဆုံးနှစ်အင်္ဂလိပ်စာ မေဂျာကျောင်းသား။ နောက်မှ သိရတာက နောက်ဆုံးနှစ်မှာ စာမေးပွဲ မဖြေဘဲ နေနေတာ သုံးနှစ်လောက် ရှိပြီတဲ့။

သူ့ကိုကြည့်ရတာ စစ်သားနဲ့ မတူ ခပ်သန့်သန့် ထဲကပါပြီး မိန်းကလေးတွေ အကြိုက်များတဲ့ ပုံစံမျိူးထဲပါတယ်။ တဆောင်ထဲ အတူနေကြတာဆိုတော့ တပတ်နှစ်ပတ်လောက်အတွင်း ‌ညီအစ်ကိုတွေလို ခင်သွားတယ်။

တရက်မူးပြီ သူ့အကြောင်း ပြောပြတယ်။ ငါဆယ်တန်းအောင်တော့ ရွာမှာ ဆယ်တန်းအောင်တွေရှားသေးတယ်ငါ့နောက်မှ ကလေးတွေ လိုက်အောင်ကြတာများတယ်။ ဆယ်တန်းကို အမှတ် ၃၉၀ကျော်နဲ့အောင်ခဲ့တာ ငါက။(အမှတ်စာရင်းပြသည်) အဲ့ဒီတုန်းက အင်ဂျင်နီယာလို အသက်မွေးဝမ်းကျောင်း တက္တသိုလ်တွေမီတယ်။ နေမယ်ဆိုလည်း အိမ်က လယ်လေးယာလေးရှိတော့ ‌နည်းနည်းဖဲ့ရောင်းရင် နေလို့ရတယ်ပေါ့ အရမ်းကြီး မဆင်းရဲဘူး။

ဟိတ်ကောင်ရေ ငါဆယ်တန်း အောင်တော့ တရွာလုံးက ဝိုင်းတိုက်တွန်းကြတာ စစ်ထဲဝင်တဲ့ တရွာလုံးထက် ပညာတတ်ပါတယ်ဆိုတဲ့ ရွားဦးကျောင်း ဆရာတော် ငါ့ဦးရီးတော်ကလည်း စစ်ထဲဝင်ခိုင်းတာပဲ။ စစ်ဗိုလ်ကြီး ဖြစ်ကိုဖြစ်ရမယ် ငါတူ ငါ့ တပည့်ကတဲ့ လုပ်ရောဟေ့။
သူတို့ထင်တာက ဆယ်တန်းအောင်စစ်ထဲဝင် အပွင့်ချိတ် တနှစ်နှစ်နှစ်လောက်နေ ဗိုလ်ဖြစ်တယ်လို့ တွေးတာနေမှာပေါ့။ DSAလို ဗိုလ်သင်တန်းကျောင်းတွေ ရှိတယ်ဆိုတာလည်း သူတို့မသိကြဘူး။ သူတို့မှ မသိတာ ငါဆိုဝေးလာဝေးပေါ့ ။ နောက်မှ သိတာ DSAလို ကျောင်းမှာလည်း စီနီယာဂျူနီယာ အနိုင်ကျင့်မှုတွေက ရွှံစရာကောင်းတယ်ဆိုတာပဲ။

လူပြောများလာ‌ တော့ ငါလည်း စစ်ဗိုလ်ကြီး အိပ်မက် လိုလေသေးမရှိမက်တာပေါ့ကွာ။ ငါမြင်ဖူးတဲ့ဗိုလ်ကတော်ဆိုတဲ့ ဟာမကြီးတွေကလည်း ချောကြတာကိုကွ။ ဆယ်တန်း အတူတူ နေခဲ့တဲ့ ငါ့ရည်းစား‌ လေးကိုလည်း ဗိုလ်ကတော် လုပ်ရမယ် ဘာညာဆိုပြီး လေလုံးထွာခဲ့တာပေါ့။

နောက်တော့ တရွာလုံးထက် ခေါင်းတလုံးသာပါတယ်ဆိုတဲ့ ရွာဦးကျောင်း ဆရာတော်ကိုယ်တိုင် ငါ့ကို စစ်ထဲထည့်လိုက်တာပဲဟေ့။ ငါကလည်း ဆရာတော်ကို ယုံတယ် ရွာပတ်လည်း ဘောလုံးပွဲ လုပ်တာက အစ ဘုရားကြီးပြင်တာတို့ အသေးအဖွဲ့တွေ ဖြစ်တဲ့ ရွာထဲ အိမ်ဆောက်တာ သွပ်မိုးတာ ခြံစည်းရိုးကာတာကအဆုံး ကဏ္ဍာအသီးသီးမှာ ဆရာတော်က အကြံပေးတာ ဘယ်တော့မှည်း မမှားဘူးတရွာလုံးကလည်း သူ့စကား နားထောင်ကြတယ်လေ။

ဒီလိုနဲ့ တပ်ထဲရောက်သွားတယ်ပေါ့ ဟိုမှာကျတော့ ဆယ်တန်းအောင်‌ ဆိုတော့တပ်ကြပ်ကြီး ဖြစ် ဗိုလ်သင်တန်း ဖြေဖို့ ဘွဲ့ရမှဆိုလို့ အဝေးသင်တတ် ဘွဲ့ရပြီး မှဗိုလ်သင်တန်းဖြေ။ ဘွဲ့ရပြီး ဝင်‌‌ဖြေကျတဲ့ ငါ့ရှေ့ကလူတွေဒုနဲ့ဒေး တရာမှာ ၁၀ယောက်တောင် မအောင်ကြဘူး။ အောင်တော့လည်း ငါတို့တပ်က GEတပ် ဗိုလ်ဖြစ်တော့ ခြေလျင်မှာပဲ ဖြစ်ကြတာ။ ဗိုလ်ဖြစ်တဲ့ကောင်တွေ KNU KIAတို့ရှိတဲ့ နယ်စပ်တမ်းပို့တာပဲ ။ ငါတို့ တပ်ထဲက ပူပူနွေးနွေး ဗိုလ်ဖြစ်သွားတဲ့ ကောင်တကောင် ရှေ့တန်းမှာ ကျပါလေရော ။ အဲ့ဒီနောက်တပ်ကြပ်ကနေ ဘွဲ့ရပြီး ဘယ်ကောင်မှ ဗိုလ်မဖြစ်ချင်တော့ဘူး။ တချိူ့ကောင်တွေဆို ကျောင်းတတ်တယ် စာမေးပွဲမဖြေဘူး ဗိုလ်မဖြစ်ဖြစ် အပျော်ပဲတတ်ကြတာ။ ငါလည်း ကျောင်းဆွေးတော့မယ် တတ်နေတာ။

တွေးကြည့်ရင် ငါ့ဘဝက စိတ်နာစရာတွေပဲ တခြား အတတ်ပညာ ကျောင်းတခုကို ရွေးလိုက်ရင် ငါ့ဘဝ အေးဆေးပြီ အခုတော့ ခွေးတွေကိုဖြစ်လို့ တနှစ်လုံး ကျောင်းတတ်ရတဲ့ တစ်လလောက်ပဲ ပျော်ရတာ ဟေ့ကောင်ရေ။ ကျောင်းခွင့်လေးရဖို့ အောက်ကျိူ့ရတာလည်း မပြောနဲ့ ရုံးပိုင်းက ကောင်တွေကို ပိုက်ဆံက ပေးရသေးတယ်။ အခုမှ သိလာတာ တပ်ဆိုတာ လူမဆန်မှုတွေ အနိုင်ကျင့်မှုတွေ ပြည့်နှက်နေတဲ့ အသိုင်းအဝိုင်းကြီး ပဲ လူ့အခွင့်အရေးအကြောင်းလာမပြောနဲ့ တပ်ရင်းမှူးက ကျင်းငယ်သောက်ခိုင်းရင် သောက်ရမှာပဲ။

ငါ့သူငယ်ချင်းတယောက်အဖေက လူပျော်ပေါ့ကွာ အမြဲတမ်းလည်း မူးနေတတ်တယ် တပ်ရင်းမှူးက လိုင်းခန်းတွေဘာတွေ စစ်တဲ့ ရက်မှာ သူက မူးမူးနဲ့တပ်ရင်းမှူးကို လက်ဆွဲနှုတ်ဆက်တာတွေဘာတွေ လုပ်လိုက်တယ်။ နောက်နေ့ကျ သူတို့မိသားစု တပ်ထဲမှာ မထားတော့ဘူး ဘေးကို ပြောင်းခိုင်းပစ်တာ။ အပြင်မှာ နေစရာမရှိလို့ သူ့သားကို မှီခိုပြီး လာနေရပါတယ်ဆို တပ်ထဲက နှင်ထုတ်လိုက်တော့ ဒုက္ခမှ အကြီးအကျယ် ရောက်ခဲ့တာပေါ့ကွာ။

အဆိုးထဲက အကောင်း ရွာကလူတွေကို ကျေးဇူးတင်ရမှာရှိသေးတယ် ငါ့ကို ခြေလျင်ထဲမထည့်ဘဲ ဒီတပ်ထဲထည့်လို့ ကျေးဇူးစောက်ရမ်းတင်ရအုံးမယ်။ ခြေလျင်မှာဆို ငါဂန့်နေလောက်ပြီ။ ငါကသာ ဗိုလ်မဖြစ်တာ ငါ့ငယ်ရည်းစားလေးက ဆယ်တန်းအောင်ပြီး တက္ကသိုလ်ရောက် သိပ်မကြာဘူး ဗိုလ်တစ်ယောက်နဲ့ညားသွားတယ်လို့ကြားတယ် ငါ့စစ်ဗိုလ်အိပ်မက်ဖြစ်မလာ ပေမဲ့ သူ့ဗိုလ်ကတော် အိပ်မက်က ဖြစ်သွားတယ်ဟေ့။

အာဏာသိမ်းပြီးတနှစ်လောက်အကြာမှာ သူတပ်ထဲက ထွက်ပြေးလိုက်တယ်လို့ ကျတော့်ကို ဖုန်းဆက်ပြောတယ်။ တပ်ထဲက မပြေးခင် ရွာမှာမူးပြီးတော့ ဆဲခဲ့သေးတယ်တဲ့။

"ဘယ်ငါလိုးမသားမှ စစ်ထဲမလိုက်နဲ့ ကွ လုံးကတီးလည်း ီ-ပဲ" ဆိုတာကို။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10