စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းတဲ့ ရာအိမ်မှူး ၂ ဦး အသတ်ခံရ

စစ်မှုထမ်းဖို့ မဲနှိုက်ခိုင်းတဲ့ ရာအိမ်မှူး ၂ ဦး အသတ်ခံရ

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ကဲလင်းကုန်းကျေးရွာ၊ ကရင်ချောင်းလမ်းပေါ်မှာ ဆိုင်ကယ်နဲ့ပြန်လာတဲ့ ရာအိမ်မှူး ၂ ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧပြီ ၁၉ ရက်ည ၁၁ နာရီလောက်မှာ ကဲလင်းကုန်းရွာဘက်ကနေ နတ်စင်ကုန်းကျေးရွာဘက်ကို ဆိုင်ကယ်နဲ့ပြန်လာတဲ့ နတ်စက်ကုန်းရွာ ရာအိမ်မှူး ဦးနိုင်အောင်ဇင် ၄၉ နှစ်နဲ့ ကဲလင်းကုန်းကျေးရွာ ရာအိမ်မှူး ဦးသောင်းနိုင်ဦး ၄၅ နှစ်တို့ အသတ်ခံရတာလို့ ဆိုပါတယ်။

"နတ်စင်ကုန်းရာအိမ်မှူးကို ကဲလင်းကုန်းရာအိမ်မှူးက အိမ်ပြန်လိုက်ပို့တာ။ ကဲလင်းကုန်းရာအိမ်မှူးက အရှေ့ကဆိုင်ကယ်မောင်းတယ်။ နတ်စင်ကုန်းရာအိမ်မှူးက နောက်ကစီးလာတာ။ သူတို့လာမှာသိလို့ စောင့်ပြီးပစ်သွားတာလို့သိရတယ်။” လို့ ဒေသခံတဦးကပြောပါတယ်။

အဆိုပါရာအိမ်မှူးတွေဟာ စစ်မှုထမ်းဥပဒေအတွက် ကျေးရွာတွေထဲမှာစစ်မှုထမ်းသူတွေရဖို့ မဲနှိုက်ခိုင်းတာ၊ လိုက်လံစည်းရုံးရာမှာလည်း အဓိကပါဝင်ဆောင်ရွက်နေသူတွေဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

ပစ်ခတ်ခံရပြီး ရာအိမ်မှူး ၂ ဦးမှာ ဦးခေါင်း၊ ရင်ဘတ်နဲ့ လက်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့သေဆုံးပြီး အလောင်းတွေကိုတော့ ဒေသခံတွေကကောက်ယူသွားတယ်လို့ ဆိုပါတယ်။ 

ဒီပစ်ခတ်မှုကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ 

မတ် ၁၅ ရက်ကလည်း ရေတာရှည်မြို့နယ်၊ ကြာအင်းကုန်းကျေးရွာနဲ့ တောင်အိုင်ကျေးရွာကြားမှာ စစ်ကောင်စီတပ်သားတွေနဲ့အတူ တိုက်ပွဲလိုက်နေတဲ့ ပျူစောထီးခေါင်းဆောင်အမျိုးသားတဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ရေတာရှည် #ရာအိမ်မှူး #ပစ်သတ်ခံရ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10