"စစ်မှုထမ်းဥပဒေကို ငြင်းဆန်ခဲ့တဲ့ စနေမရဲ့ လက်နက်ကိုင်တော်လှန်ရေးခရီးအစ"  (အမျိုးသမီးကဏ္ဍ)

သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့မှာ ရဲမေစနေမ လို့ အမည်တွင်နေတဲ့ ချောက်မြို့သူဟာ တော်လှန်ရေးအစကတည်းက PDF ရဲမေတယောက် ဖြစ်ချင်ခဲ့ပေမယ့် မိသားစုအရေးကြောင့်အစောပိုင်းမှာ မဝင်ရောက်ခဲ့ရဘူးလို့ ဆိုပါတယ်။

အိမ်မှာ မွေးချင်းမောင်နှမ ၆ ယောက်အနက် အငယ်ဆုံးသမီးဖြစ်ကာ သခင်ဒေါင်းညိုပြောက်ကျားတပ်ဖွဲ့ထဲ မရောက်ခင် ရွာမှာတောင်ယာအလုပ် လုပ်နေတာလို့ ပြောပါတယ်။

ရဲမေ စနေမဟာ မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေကောင်းတဲ့ နိုင်ငံရပ်ခြားကို အလုပ်သွားလုပ်ဖို့ စိတ်ကူးရှိနေပေမယ့် စစ်မှုထမ်းဥပဒေ ထွက်လာပြီးတဲ့နောက်မှာတော့ ဒီဥပဒေဟာ အမျိုးသမီးတွေကို အတင်းအဓမ္မ စေခိုင်းတာဖြစ်လို့ အမျိုးသမီးတွေဘက်က မခံမရပ်နိုင်ဖြစ်ကာ အဲဒီကတည်းက ဝင်ငွေရတဲ့ အလုပ်ထက် စစ်ကောင်စီကို ပြန်တိုက်ဖို့ကို ဆုံးဖြတ်လိုက်ကာ PDF ထဲကို ဝင်ဖို့ ရွာကနေ တယောက်တည်း ထွက်လာခဲ့တာပါ။

ရဲမေစနေမတယောက် စစ်ကောင်စီကို နာကျည်းမုန်းတီးနေတာ အခုမှတော့ မဟုတ်ပါဘူး။ အာဏာသိမ်းကတည်းက လူငယ်တွေရဲ့ အနာဂတ်ကို ရိုက်ချိုးခံလိုက်ရလို့ အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ချင်ခဲ့တာလို့ ဆိုပါတယ်၊ 

သူ့ရပ်ရွာမှာ သူဘယ်လိုတွေ ကြုံတွေ့ခဲ့ရပါသလဲ၊ စစ်ကောင်စီအောက်မှာ စစ်မှုမထမ်းလိုတဲ့အတွက် ဘယ်လို ရုန်းထွက်လာခဲ့ရလဲဆိုတာကို မြေလတ်အသံ (အမျိုးသမီးကဏ္ဍ) မှာ တင်ဆက်ထားပါတယ်။

သတင်းနှင့် တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ရုပ်သံ #တော်လှန်ရေး #စနေမ #ရဲမေ #အညာ #အမျိုးသမီးကဏ္ဍ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10