စစ်အုပ်စု ခြုံခိုတိုက်ခိုက်ခံရလို့ ဗိုလ် ၁ ဦးအပါ ၂ ဦးသေဆုံး ဒေသခံ ၃၀ ကို ဓါးစာခံအဖြစ်ခေါ်သွား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းက စစ်ကောင်စီနဲ့ ပျူစောထီးတွေ ရိက္ခာယူပြီး ပြန်လာချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းခရိုင် အမှတ် ၄ တပ်ရင်း - MSPDF / MSDF တပ်ဖွဲ့ဆီက သိရပါတယ်။

မတ် ၁၈ ရက် မနက် ၇ နာရီလောက်မှာ ကျောက်ရစ်ရဲစခန်းကနေ  အင်အား ၇၀ ဝန်းကျင် နဲ့ ထွက်လာတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်းတပ်ဖွဲ့ ဟာ ရေစကြိုကနေ ရေကြောင်းလမ်းနဲ့  ခဲယမ်း၊ ကျည်၊ စားနပ်ရိက္ခာလာပို့တဲ့ ပစ္စည်းတွေကို နနွင်းကိုင်းရွာနားမှာ သွားရောက်ယူခဲ့တာပါ။

အဲဒီလိုယူပြီးအပြန် နေ့လယ် ၁၁ နာရီကျော်လောက်မှာ ကျောက်တန်း အရှေ့ရွာနားအရောက် ကာကွယ်ရေးတပ်ဖွဲ့တွေက ခြုံခိုတိုက်ခိုက်ခဲ့လို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ MSPDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ဗိုလ် ၁ဦးအပါ၂ ဦးသေဆုံးသွားပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးတဲ့နောက် အဲဒီစစ်ကြောင်းဟာ ကျောက်တန်းရွာထဲကို ဝင်ရောက်သွားပြီး တညအိပ်စခန်းချခဲ့တယ်လို့ သိရပါတယ်။

နောက်နေ့ မနက်မှာ စစ်အုပ်စုဘက် သေဆုံးသွားတဲ့ သူ ၂ ဦးထဲမှ ၁ ဦးကိုတော့ ကျောက်တန်းရွာထဲမှာ မီးရှို့ခဲ့ပြီး ဗိုလ် ၁ ဦးကိုတော့ ရေစကြိုဘက်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အဲဒီ စစ်အုပ်စုဟာ ကျောက်တန်းရွာထဲကနေ ပြန်လည်ထွက်ခွာလာချိန် ရွာကပြည်သူအယောက် ၃၀ ကိုလည်း ဓားစားခံအဖြစ် ကျောက်ရစ်ရဲစခန်းထဲကို ခေါ်ဆောင်သွားတယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း MSPDF/MSDF နဲ့ အတူ ၊မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း NRDF၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း တပ်ခွဲ ၂၊ မိတ္ထီလာခရိုင်အမှတ် ၂တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ် ၃ တပ်ရင်း၊ Justice Warriors Force၊ Freedom Fighter Guerrilla Force၊ CHAUK PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ 

#စစ်ကိုင်း #ကျောက်ရစ်ရဲစခန်း #ခြုံခိုတိုက်ခိုက် #စစ်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10